Hairstyles ကောင်းဖို့အတွက် Stylist တွေဆီ သွားလို့ရပေမယ့် ဆံပင်ကျန်းမာသန်စွမ်းစေဖို့အတွက် ကိုယ့်ဘာသာ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဆံပင်ကျန်းမာရေးဆိုတာ ပုံမှန်ဂရုစိုက်သွားရင် Professional Hair Care သွားပြစရာ မလိုပါဘူး။ ဒီတော့ ငွေကုန်ကြေးကျလည်း မရှိအောင် ၊ ဆံပင်ကြောင့်လည်း စိတ်မရှုပ်ရအောင် ဆံပင်ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

(၁) ခေါင်းလျှော်ရည်ကို လိုသလောက်ပဲ သုံးပါ

Photo: Homesteading

Hair Care Tips နံပါတ်တစ်က နေ့တိုင်း ခေါင်းမလျှော်နဲ့ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သင့်ခေါင်းဟာ နေ့တိုင်း Shampoo နဲ့ လျှော်ဖို့ မလိုအပ်ပါဘူး။ ခေါင်းလျှော်ပါများရင် ဆံပင်သားထဲက သဘာဝအဆီဓါတ်တွေ ဆုံးရှုံးတတ်ပါတယ်။ ခေါင်းလျှော်ရည်ဟာ ခေါင်းပေါ်က အညစ်အကြေးအားလုံးကို ရှင်းပစ်ဖို့ ထုတ်ထားတာ ဖြစ်လို့ ပြင်းပါတယ်။ ဆံပင်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်အညစ်အကြေးတွေတင်မဟုတ်ဘဲ ဆံပင်ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝအဆီတွေပါ Shampoo က ဖယ်ရှားပစ်ပါတယ်။

ဒါကြောင့် နှစ်ရက် သုံးရက် တစ်ခါလောက်မှပဲ ခေါင်းလျှော်ပါ။ခေါင်းလျှော်ရည် သုံးရင် ဆံသားတွေ အာဟာရဓါတ်သန်စွမ်းစေဖို့ Conditioners တစ်မျိုးပါ သုံးပါ။ ခေါင်းလျှော်တိုင်း ရေများများ သောက်ပါ။ ရေသုံးတာ များလို့ ဆံပင်မပျက်စီးပါဘူး။ ခေါင်းမှာ ခေါင်းလျှော်ရည် မပြောင်တာကပဲ ပြဿနာဖြစ်စေနိုင်ပါတယ်။

(၂) Hair Oil သုံးပါ

Photo: Ape To Gentleman

ဆံသားလိမ်းဆီတွေက ဆံပင်သန်စွမ်းဖို့ အားပေးပါတယ်။ ဆံပင်ကို နူးညံ့ပျော့ပျောင်းကျန်းမာစေပါတယ်။ Hair Oil အနေနဲ့ Argan Oil ဆီ ၊ သဘာဝသံလွင်ဆီ နဲ့ အုန်းဆီတို့က သုံးဖို့ အကောင်းဆုံးပါပဲ။ ခေါင်းလျှော်ပြီးလို့ ဆံပင်သန့်ရှင်းခြောက်သွေ့နေချိန်မှာ သဘာဝဆံသားလိမ်းဆီမျိုး လိမ်းထားခြင်းက ဆံပင်ကို နူးညံ့တောက်ပြောင်စေပါတယ်။ ဆံပင်သန်စွမ်းကျန်းမာစေပြီး ဗောက်ထတာ ဆံသားခြောက်တာတွေ နဲ့ ဆံပင်ဆုံးရှုံးတာမျိုးတွေကို ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။

(၃) အရည်အသွေးမြင့် ထုတ်ကုန်တွေ သုံးပါ

Photo: The Manual

Hair Products တွေ သုံးမယ်ဆိုရင် ဖြစ်ကတတ်ဆန်း အရည်အသွေးနိမ့်ပစ္စည်းတွေ မဝယ်မိပါစေနဲ့။ ခေါင်းလျှော်ရည်ပဲ ဝယ်ဝယ် ၊ ခေါင်းလိမ်းဆီပဲ သုံးသုံး အရည်အသွေးမြင့်တာ သုံးပါ။ အရည်အသွေးမြင့်ပစ္စည်းတွေသုံးခြင်းအားဖြင့် ဆံပင်ကျန်းမာရေးအတွက် စိတ်ချရပြီး ဘေးထွက်ဆိုးကျိုးတွေအဖြစ်နည်းပါတယ်။

(၄) ဆံပင်ကို တိုက်ရိုက်နေရောင်ခြည်ကနေ ကာကွယ်ပါ

Photo: Freepik

နေပူထဲသွားတိုင်း ခေါင်းဆောင်းစရာတစ်ခုခု ယူသွားဖို့ အကြံပေးချင်ပါတယ်။ ထီးဖြစ်ဖြစ် ဦးထုပ်ဖြစ်ဖြစ် မပါဘဲ နေပူထဲ မသွားပါနဲ့။ အပူကာကွယ် Spray လေးလည်း ဖြန်းသွားပါ။ ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို Argan Oil လို သဘာဝခေါင်းလိမ်းဆီတစ်မျိုးမျိုး လိမ်းသွားသင့်ပါတယ်။
မဟုတ်ရင် ဆံပင်ကို မီးပူနဲ့ တိုက်သလို နီကြောင်ပြီး ဆံသားတွေ ခြောက်သွေ့ပျက်စီးနိုင်လို့ ဖြစ်ပါတယ်။ Blow Dryer သုံးလွန်းရင်လည်း ဆံပင်ပျက်စီးနိုင်တာကြောင့် ခဏခဏ မသုံးမိအောင် ရှောင်ပါ။

(၅) ဆံပင်ကို အသက်ရှုခွင့်ပေးပါ

Photo: Akalink

နေ့တိုင်း Hairstyling Products တွေ သုံးရင်လည်း ဆံပင်အတွက် မ‌ကောင်းပါဘူး။ တစ်ပတ်မှာ တစ်ရက်နှစ်ရက်လောက် ဘာ Hair Products တွေမှ မသုံးဘဲ နေတာ ဆံပင်ကျန်းမာသန်စွမ်းရေး အားပေးရာရောက်ပါတယ်။ ခေါင်းလျှော်ထားတဲ့နေ့မှာ ဆီလေး တစ်စက်နှစ်စက်လောက် လူးပြီးထား နောက် နှစ်ရက် သုံးရက်နေမှ ခေါင်းလျှော်တာ ၊ Hair Products တွေ သုံးတာမျိုး လုပ်တာ အကောင်းဆုံးပါပဲ။