ဂျိုင်းက ဟော်မုန်းကြောင့်မဲတာမျိုးလည်း ရှိသလို တခြားသော အကြောင်းအရင်းတွေကြောင့်၊ ရောဂါကြောင့် မဲတာမျိုးတွေလည်း ရှိပါတယ်။ ဒါ့အပြင် ကိုယ်တိုင်သတိမထားမိပဲ ပြုလုပ်နေတာတွေကြောင့်လည်း မဲတာမျိုး ရှိပါတယ်။ ကိုယ်လုပ်နေမိတာတွေကြောင့်ဆိုရင်တော့ အချိန်မှီဆင်ခြင်လိုက်ရင် အဆင်ပြေသွားမှာပါ။ ဒါကြောင့် ဂျိုင်းမဲလာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတတ်တဲ့ အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Deodorant အသုံးမှားခြင်း

တချို့ Deodorant တွေက ဂျိုင်းမဲစေပါတယ်။ Deodorant အသစ်ပြောင်းသုံးပြီးနောက်ပိုင်းမှ ဂျိုင်းကမဲလာတယ်ဆိုရင် အဲ့ Deodorant ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Deodorant သုံးတဲ့အခါမှာလည်း သေချာရွေးသုံးဖို့ လိုပါတယ်။ တချို့ Deodorant တွေမှာပါဝင်တဲ့ Chemical တွေက အသားအရေယားယံတာ၊ ခြောက်သွေ့တာတွေ ဖြစ်ပြီး ကုတ်မိတာ၊ ပွတ်မိတာနဲ့ ဂျိုင်းမဲလာစေပါတယ်။

Shaving လုပ်ခြင်း

ဂျိုင်းမွှေးနှုတ်ရင်လည်း အသီးထသလို ရိတ်ပြန်ရင်လည်း ဂျိုင်းမဲစေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ Waxing လုပ်ပါ။ Shaving လုပ်ပြီးရိတ်တာက ဂျိုင်းမွှေးပိုသန်စေသလို ဂျိုင်းသားလည်းမဲစေတာကြောင့် မလုပ်တာအကောင်းဆုံးပါပဲ။

Exfoliation မလုပ်ခြင်း

ဂျိုင်းက အလွယ်တကူမဲနိုင်တဲ့နေရာမျိုးပါ။ ဒါကြောင့် ဂျိုင်းမှာရှိတဲ့ Dead Skin Cells တွေကို ဖယ်ရှားဖို့ တစ်ပတ်တစ်ခါလောက် Exfoliation လုပ်ပေးသင့်ပါတယ်။ လုပ်တဲ့အခါမှာလည်း ကြမ်းတမ်းတဲ့ Scrub တွေမသုံးပဲ နူးညံ့တဲ့ ပျော့တဲ့ Scrub မျိုးပဲ သုံးပေးပါ။

Exfoliation အလွန်အကျွံလုပ်မိခြင်း

ဂျိုင်းမမဲအောင် Exfoliation လုပ်ရမယ်ဆိုပေမယ့် အပေါ်မှာပြောခဲ့သလို တစ်ပတ်တစ်ကြိမ်ပဲ လုပ်ပေးပါ။ အဲ့ထက်ပိုပြီး ခဏခဏလုပ်မယ်ဆိုရင်တော့ ဂျိုင်းအသားအရေပွန်းတာတွေဖြစ်ပြီး ထိခိုက်လွယ်လာမယ်၊ ဂျိုင်းမဲလာပါမယ်။ ဒါကြောင့် ကြမ်းတမ်းတဲ့ Scrub တွေကိုလည်း ရှောင်ရတာပါ။

တင်းကျပ်တဲ့အဝတ်အစားတွေဝတ်ခြင်း

တင်းကျပ်တဲ့အဝတ်အစားတွေဝတ်ပြီး ဂျိုင်းအသားအရေကို ပွတ်တိုက်မိရင် ကြာလာတဲ့အခါ ဂျိုင်းပွန်းတာ၊ နီတာ၊ မဲတာတွေ ဖြစ်လာစေပါတယ်။ ဒါက တော်တော်များများသတိမထားမိကြတဲ့ အချက်ဖြစ်ပေမယ့် ဂျိုင်းကိုသိသိသာသာ မဲလာစေမယ့် အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။