Stress တွေများနေရင် ကိုယ်ရောစိတ်ပါ ပင်ပန်းရတာကြောင့် ဒီ Stress တွေကို ပျောက်အောင်လုပ်ဖို့ လိုပါတယ်။ စိတ်ညစ်လို့ဆိုပြီး ထိုင်ဘူနေရင်တော့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒီလိုမဖြစ်ရလေအောင် Stress ကင်းစင်တဲ့တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်ပုံမှန်လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ရယ်စရာကြည့်ပါ

ရုပ်ရှင်ကြည့်ဖို့အတွက် အချိန်အများကြီးပေးစရာမလိုပါဘူး။ ခဏတာအပန်းဖြေပြီး စိတ်ကို Relax ဖြစ်သွားအောင် ရယ်စရာ Video အတိုလေးတွေကြည့်တာမျိုး၊ Variety Show တွေကြည့်တာမျိုး လုပ်ပေးပါ။ ကိုယ့်တစ်နေ့တာမှာ ဒါလေးတွေကြည့်ဖို့ အချိန်ကို နာရီဝက်၊ တစ်နာရီလောက် ဖယ်ပေးပါ။

သီချင်းနားထောင်ပါ

သီချင်းနားထောင်တာက စိတ်ပျော်ရွှင်ကြည်နူးမှုရစေသလို စိတ်ကိုလည်း Relax ဖြစ်စေတယ်၊ Stress တွေလည်း လျော့ကျစေတဲ့အတွက် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းတွေ၊ မြူးကြွတဲ့သီချင်းတွေကို နားထောင်ပေးပါ။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ဖိစီးမှုတွေ၊ Stress တွေလျော့ကျစေတဲ့အပြင် စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်လည်းကြည်စေတဲ့အတွက် ကိုယ့်ရဲ့တစ်နေ့တာမှာ တရားထိုင်ဖို့အချိန်ကို အနည်းဆုံး နာရီဝက်လောက်ပေးပြီး ထိုင်ကြည့်ပါ။ နေ့တိုင်းလုပ်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာတွေများလာရင် စိတ်ဖိစီးမှုတွေ Stress တွေက ပိုဆိုးလာစေပါတယ်။ ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် နောက်ကျမှအိပ်တာမျိုး၊ အိပ်ချိန်နည်းတာမျိုးတွေ မဖြစ်ပါစေနဲ့။ အိပ်ရေးပျက်တာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။

အစားအသောက်သေချာစားပါ

အစားအသောက်ကို သေချာမစားရင် အားကလည်းမရှိ၊ ကျန်းမာရေးကလည်းချူချာလာမယ်၊ ဒီတော့ Stress တွေ စိတ်ညစ်စရာတွေက ပိုပြီးတိုးလာပါမယ်။ ဒါကြောင့် အစားအသောက်ကို သေချာစားပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေလည်း စားပေးပါ။ ကိုယ်ကြိုက်တာလေးတွေလည်းစားပါ။ ကိုယ်ကြိုက်တာတွေစားနေရရင် ပျော်စရာကောင်းတာပဲလေနော်။