Mobile Phone တွေ သုံးတာနဲ့ပတ်သက်ပြီး လူတိုင်းသတိထား ရှောင်ကြဉ်သင့်တဲ့ အရာ 5 ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီအရာတွေကြောင့် ကိုယ့် Phone ပျက်စီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အားသွင်းတဲ့အပေါက်ကိုသံနဲ့ထိုးခြင်း

အားသွင်းတဲ့အပေါက်ကို သံနဲ့ထိုးပြီး သန့်စင်တာမျိုးတွေ လုံးဝမလုပ်သင့်ပါတယ်။ Phone ပျက်စီးစေပါတယ်။ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင် သွားကြားထိုးတံလေးနဲ့ သန့်ရှင်းတာမျိုးပဲ လုပ်ပေးပါ။

Phone ကိုနေရောင်နဲ့ထိတဲ့နေရာမှာမထားပါနဲ့

Phone ကို နေရောင်နဲ့ တိုက်ရိုက်ထိနေတဲ့နေရာ၊ နေထိုးနေတဲ့နေရာတွေမှာ မထားခဲ့ပါနဲ့။ Phone ပူစေပါတယ်။ တချို့ Battery မကောင်းတဲ့ Phone တွေဆိုရင် နေရောင်အောက်မှာထားတာ အရမ်းအန္တရာယ်များပါတယ်။ Phone အားသွင်းရင်လည်း နေထိုးတဲ့နေရာမှာ Phone ကိုမထားပါနဲ့ Overheat ဖြစ်တတ်လို့ အန္တရာယ်များပါတယ်။

Battery 0% ရောက်တဲ့အထိမထားပါနဲ့

Phone ကို အားကုန်ပြီးပိတ်သွားတဲ့အထိသုံးတာမျိုး Battery 0% ရောက်မှ အားထသွင်းတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ Battery မခံပဲ ပျက်တာမြန်ပါလိမ့်မယ်။ အကောင်းဆုံးက Battery ကို 20% အောက်မရောက်ခင်သွင်းပါ။

Phone ကို ရေထဲကြာကြာမထားပါနဲ့

Water-Resistant ဖြစ်တဲ့ Phone ဆိုပြီး ရေထဲမှာ ကြာကြာထားတာမျိုး မလုပ်ပါနဲ့။ ဘယ်လောက်ပဲ Water-Resistant ဖြစ်နေပါစေ 5 မိနစ်ကနေ 30 မိနစ်အတွင်းပဲ ထားသင့်ပါတယ်။ အဲ့ထက်အချိန်ပိုကြာသွားရင် Phone ပျက်စီးနိုင်ပါတယ်။

တစ်ညလုံးအားမသွင်းပါနဲ့

တချို့က ညအိပ်ရင် Phone အားသွင်းပြီး မနက်နိုးမှဖြုတ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုတစ်ညလုံး အားသွင်းတာ Battery ထိပါတယ်။ ကြာလာရင် Phone Battery က 100% အထိပြည့်သွားလိုက်၊ 99% အထိပဲဝင်ပြီး ဆက်မဝင်လိုက်၊ 80% ထိပဲအားဝင်ပြီး ဆက်မဝင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။