စာလုပ်တာကြာလာရင် ပျင်းလာတာပါပဲ။ ပျင်းလာလို့ဆိုပြီး ဖုန်းသုံးမိရင်လည်း မျောသွားပြီး စာပြန်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စာလုပ်နေရင်းနဲ့ ပျင်းလာပြီ၊ စိတ်မပါသလို ဖြစ်လာပြီဆိုရင် ဒီအရာ ၅ ခုကို လုပ်ကြည့်လိုက်ပါ။

သီချင်းနားထောင်လိုက်ပါ

စာလုပ်နေရင်းနဲ့ ပျင်းလာရင်၊ စိတ်မပါတော့ရင် ခဏရပ်ပြီး သီချင်းနားထောင်လိုက်ပါ။ သီချင်းနားထောင်လိုက်ရင် relax ဖြစ်ပြီး စိတ်ကိုပြန်လည် လန်းဆန်းသွားစေပါတယ်။ စာပြန်လုပ်ဖို့လည်း active ပြန်ဖြစ်သွားစေပါတယ်။ ထိုင်းမှိုင်းနေတဲ့စိတ်ကိုလည်း ပြန်လည်တက်ကြွသွားစေပါတယ်။

အကြောဆန့်၊ ယောဂ၊ တရားထိုင်

စာလုပ်ရတာပျင်းလာပြီး စိတ်တွေရှုပ်ထွေးလာပြီဆိုရင် အကြောဆန့်လေ့ကျင့်ခန်းတွေပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ်၊ ၁၅ မိနစ်လောက် တရားထိုင်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ စိတ်တည်ငြိမ်ပြီး mood ပြန်ကောင်းသွားပါလိမ့်မယ်။

လမ်းထလျှောက်ပါ

စာလုပ်နေရင်းနဲ့ ပျင်းလာရင်ပဲဖြစ်ဖြစ်၊ အိပ်ချင်လာရင်ပဲဖြစ်ဖြစ် လမ်းထလျှောက်လိုက်ပါ။ အိပ်ချင်စိတ်ပြေသွားသလို စိတ်လည်း relax ဖြစ်သွားစေပါတယ်။ စာကျက်နေတာဆိုလည်း ပုံစံတစ်မျိုးပြောင်းပြီး လမ်းလျှောက်ရင်း စာကျက်တာမျိုး လုပ်ကြည့်ပါ။

တစ်ခုခုစားသောက်ပါ

စာလုပ်နေရင်းနဲ့ ငြီးငွေ့ပြီး ပျင်းလာပြီဆိုရင် ကိုယ်စားချင်တာလေးတွေ ဝယ်စားလိုက်ပါ။ ကော်ဖီ၊ သံပုရာရည်၊ lemon tea, energy drink စတာတွေ သောက်ပေးရင် ခေါင်းကြည်ပြီး active ဖြစ်စေပါတယ်။ စားချင်တာစားပြီး အိုခေသွားပြီဆိုမှ စာပြန်လုပ်ပါ။

အာရုံပြန်စုစည်းပါ

စာလုပ်နေရင်းနဲ့ ပျင်းလာပြီး မလုပ်ချင်တော့ဘူး၊ ငြီးငွေ့လာတယ်၊ လုပ်နေတဲ့စာတွေ မရလို့ စိတ်တွေရှုပ်ထွေးပြီး စာဆက်မလုပ်ချင်တာမျိုးတွေ ဖြစ်လာပြီဆိုရင် လုပ်လက်စကို ခဏရပ်ပြီး အသက်ရှူလေ့ကျင့်ခန်း ၅ မိနစ်လောက်လုပ်ပါ။ အာရုံပြန်စုစည်းပါ။ ပြီးရင် ခေါင်းအေးအေးထားပြီး သေချာပြန်လုပ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။