အလုပ်မှာပင်ပန်းပြီး စိတ်တွေရှုပ်လာရင် ပေတေပြီးအလုပ်ဆက်မလုပ်ပါနဲ့။ စိတ်ရှုပ်ပြီး ခေါင်းတွေကိုက်လာပါလိမ့်မယ်။ ခေါင်းမကြည်၊ စိတ်မကြည်ဖြစ်ပြီး ဒေါသထွက်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်မှာ ပင်ပန်းပြီးစိတ်ရှုပ်လာရင် Relax ဖြစ်သွားအောင် ဒီအရာ ၅ ခုကို လုပ်ကြည့်လိုက်ပါ။

အပြင်ခဏထွက်လိုက်ပါ

အပြင်ခဏထွက်လို့ရရင် ထွက်ပြီးလမ်းလျှောက်တာမျိုး၊ လေကောင်းလေသန့်ရှူပြီး အကျောဆန့်တာမျိုးတွေ၊ အပြင်ခဏထွက်ပြီး ဆေးလိပ်သောက်တာ၊ သီချင်းခဏနားထောင်တာမျိုးတွေ လုပ်ကြည့်ပါ။ စိတ်ရှုပ်နေတာတွေ သက်သာပြီး Relax ဖြစ်သွားပါလိမ့်မယ်။

Hand Massage လုပ်ပါ

အလုပ်မှာပင်ပန်းပြီး စိတ်ရှုပ်လာရင် ကွန်ပြူတာသမားတွေဆို Hand Massage လေးလုပ်ပြီး ကိုယ်တိုင်နှိပ်နယ်ပေးပါ။ စိတ် Relax ဖြစ်ပြီး နေလို့ကောင်းသွားစေပါတယ်။ လက်ညောင်းကိုက်နေရင်လည်း သက်သာသွားပါလိမ့်မယ်။

တရားထိုင်ပါ

ကိုယ်လုပ်နေတဲ့အလုပ်တွေကို ခဏရပ်ပြီး ကိုယ့်ခုံမှာပဲ မျက်စိမှိတ်ကာ အသက်ကိုခပ်ပြင်းပြင်းလေး ရှူသွင်းလိုက်၊ ပြန်ထုတ်လိုက်နဲ့ တရားထိုင်ပေးပါ။ အနည်းဆုံး ၅ မိနစ်လောက် တရားထိုင်ပေးပါ။ ပင်ပန်းပြီး စိတ်ရှုပ်နေတာတွေ အားလုံးပျောက်သွားပြီး စိတ်ရောကိုယ်ပါ Relax ဖြစ်သွားပါလိမ့်မယ်။

တစ်ခုခုစားပါ

အစားသမားလေးတွေဆိုရင် အလုပ်မှာ ပင်ပန်းပြီးစိတ်ရှုပ်လာရင် လုပ်နေတဲ့အလုပ်တွေကို ခဏရပ်ပြီး ကိုယ်စားချင်တာတွေ မှာစားလိုက်ပါ။ မှာမစားရင်လည်း ခေါက်ဆွဲပြုတ် ပူပူစပ်စပ်လေး ပြုတ်စားတာမျိုး၊ ကော်ဖီသောက်တာမျိုး၊ Energy Drink သောက်တာမျိုးတွေ လုပ်ပေးပါ။

အလုပ်စားပွဲကနေခဏထွက်သွားလိုက်ပါ

အကောင်းဆုံးကတော့ အလုပ်မှာ ပင်ပန်းပြီးစိတ်ရှုပ်လာရင် အလုပ်စားပွဲကနေသာ ခဏထွက်သွားလိုက်ပြီး ခုနကလို မုန့်သွားစားတာမျိုး၊ စားစရာတစ်ခုခုထလုပ်တာမျိုး၊ ဒါမှမဟုတ်လည်း စကားစမြည်ပြောတာမျိုးတွေ လုပ်ပေးပါ။ ပြီးမှ အလုပ်ပြန်လုပ်မယ်ဆိုရင် စိတ်လည်းကြည်ပြီး Relax ဖြစ်သွားပါလိမ့်မယ်။