ဇာက်ကြောတက်တယ်ဆိုတာက များသောအားဖြင့် အာရုံစိုက်ရတဲ့အလုပ်တွေကို လုပ်တဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။ ဖုန်းသုံးတာများရင်၊ ကွန်ပြူတာသုံးတာများရင်လည်း ဇာတ်ကြောတက်ပါတယ်။ ဒါကြောင့် အမြဲ ဇာတ်ကြောတက်လေ့ရှိတဲ့သူတွေအနေနဲ့ လုပ်ကြည့်သင့်တဲ့အရာ ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

ဝမ်းမချုပ်ပါစေနဲ့

အရေးအကြီးဆုံးက ဝမ်းမချုပ်ဖို့ပါပဲ။ ဝမ်းချုပ်ရင်လည်း ဇာတ်ကြောတက်ပါတယ်။ ထိုင်းမှိုင်းပြီး လုံးဝနေလို့မကောင်းတဲ့ ပုံစံမျိုးနဲ့ကို ဇာတ်ကြောတွေတက်တာပါ။ ဇာတ်ကြောတက်နေချိန် ဝမ်းထပ်ချုပ်ရင် ပိုတောင်ဆိုးပါအုံးမယ်။ ဒါကြောင့် ဝမ်းမချုပ်ပါစေနဲ့။

ရေခဲကပ်ကြည့်ပါ

ဇာတ်ကြောတက်နေတာ ချက်ချင်းသက်သာဖို့ဆိုရင်တော့ ရေခဲကပ်ပါ။ ဇာတ်ကြောတက်နေတဲ့အချိန်မှာ ကြွက်သားတွေက တင်းမာနေပါတယ်။ ဂုတ်နဲ့ ဇာတ်ကြောနေရာကို ရေခဲကပ်ပေးခြင်းက ကြွက်သားတင်းမာနေတာတွေ လျော့ကျပြီး ဇာတ်ကြောတက်တာ သက်သာစေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ကိုယ်က အမြဲဇာတ်ကြောတက်လေ့ ရှိတယ်ဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဇာတ်ကြောတက်တာကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ Youtube ကနေရှာပြီး အလွယ်တကူ လိုက်လုပ်ကြည့်လို့လည်း ရပါတယ်။ အကြောတွေကို လျှော့ချပေးတဲ့အတွက် ဇာတ်ကြောတက်တာ သက်သာစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ပဲ ယောဂကျင့်ပေးလို့လည်း ရပါတယ်။

ရေကူးပါ

ရေကူးတာက အကြောတွေ၊ လက်တွေကို ဆန့်ထုတ်ပေးလိုက်တာဖြစ်လို့ ဇာတ်ကြောတက်တာတွေကို သက်သာစေပြီး ကိုယ်လက်ညောင်းညာမှုတွေကိုလည်း သက်သာစေပါတယ်။

ရေများများသောက်ပါ

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လိုအပ်ရင်လည်း ဇာတ်ကြောတက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို ရေတစ်လီတာတော့ ပုံမှန်သောက်ပေးသင့်ပါတယ်။ ရေဓာတ်လိုအပ်ရင် ဇာတ်ကြောတက်တာအပြင် အသားအရေမွဲခြောက်တာတွေလည်း ဖြစ်တဲ့အတွက် ရေကိုများများသောက်ပါ။