တစ်ခါတစ်လေကျရင် သင်ကိုယ်တိုင်တောင် သတိမထားမိလောက်တဲ့အရာတွေက သင့်မှာ stress တွေ ဘယ်လောက်တောင်များနေလဲဆိုတာကို ဖော်ပြနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့်တော့ stress တွေအရမ်းများနေတယ်ဆိုရင် ဒီအရာ ၅ ခု ဖြစ်လေ့ရှိပါတယ်။

သွားကြိတ်ခြင်း

အရင်တုန်းက သွားကြိတ်တတ်တဲ့အကျင့်မရှိပေမယ့် အခုမှ ခဏခဏကို သွားကြိတ်နေမိတယ်၊ အိပ်နေရင်းနဲ့လည်း သွားကြိတ်တာမျိုးတွေ ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်မှာ stress တွေရှိနေလား၊ စိတ်ညစ်စရာတွေရှိနေလား၊ ဒီရက်ပိုင်းမှာပျော်နေရဲ့လားဆိုတာကို ပြန်စဉ်းစားပါ။ Stress တွေများနေရင် သွားကြိတ်တတ်ပါတယ်။

အမြဲတမ်းချွေးအရမ်းထွက်နေခြင်း

စိုးရိမ်ပူပန်ရတဲ့ stress မျိုးရှိနေရင် အလိုလိုနေရင်းနဲ့ ပူလာတာမျိုး၊ ပုံမှန်ထက်ပိုပြီး ချွေးတွေထွက်နေတာမျိုး၊ အမြဲလိုလိုချွေးတွေထွက်နေတာမျိုး၊ စိတ်အရမ်းလှုပ်ရှားပြီး ချွေးပြန်လာတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။

ပုံမှန်ထက်ဆံပင်တွေကျွတ်နေခြင်း

လူတစ်ယောက်က stress တွေ အရမ်းများလာရင်၊ စိတ်ညစ်စရာတွေများလာရင်၊ စိတ်မပျော်ရွှင်တော့ရင် ဆံပင်ကျွတ်တာက သိသိသာသာကို ပုံမှန်ထက်ပိုများလာပါတယ်။ ဖြီးလိုက်တိုင်းမှာ အများကြီးကျွတ်ပါလာတာပါ။

ပါးစပ်အမြဲခြောက်နေခြင်း

Stress တွေအရမ်းများနေရင် ပါးစပ်အမြဲခြောက်ပါတယ်။ ရေဘယ်လောက်သောက်သောက် အာခြောက်တာမျိုးပါ။ အခုပဲရေသောက်ပြီးတယ် အာခြောက်နေတာမျိုး၊ ပါးစပ်တွေခြောက်ကပ်နေတာမျိုး ဖြစ်ပါတယ်။

အနီစက်တွေထွက်လာခြင်း

တချို့ကျတော့ stress တွေအရမ်းများလာရင် အနီစက်တွေထွက်လာတာမျိုး၊ အလက်ဂျစ်တွေထလာတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်သတိမထားမိရင် ပြန်စစ်ကြည့်ပါ။ ကိုယ်ဒီရက်ထဲ အစားမှားတာမျိုးရှိလား၊ ပျော်နေရဲ့လား၊ စိတ်ညစ်နေရလားဆိုတာကို ပြန်ကြည့်ရင် သိသာပါတယ်။