ငှက်ပျောသီးအခွံကို လွှင့်ပစ်မယ့်အစား အသုံးဝင်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါကြောင့် ငှက်ပျောသီးအခွံကိုသုံးပြီး လုပ်လို့ရတဲ့ ရိုးရှင်းသော Beauty Hacks 5 ခုကို ပြောပြပေးလိုက်ပါတယ်။

သွားဖြူစေဖို့အတွက်

ငှက်ပျောသီးအခွံရဲ့ အတွင်းသားနဲ့ သွားကို 2 မိနစ်ခန့် ပွတ်တိုက်ပေးရပါမယ်။ ပွတ်တိုက်ပြီးရင် 15 မိနစ်ထားလိုက်ပါ။ ပြီးမှ အာလုတ်ကျင်းပေးပါ။ ဒီနည်းလမ်းကို နေ့တိုင်း (သို့) တစ်ပတ် 3 ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ သွားဖြူလာမှာပါ။

ခြေဖနောင့်ခြောက်သွေ့ကွဲအက်တာအတွက်

ခြေဖနောင့်က ခြောက်သွေ့ပြီး ကွဲအက်တာမျိုးဖြစ်နေတယ်ဆိုရင် ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးပါ။ ကြာကြာလေးပွတ်တိုက်ပြီး ရေမအေးချပဲထားလည်းရသလို ရေဆေးချလည်း ရပါတယ်။ နေ့တိုင်းလုပ်ပေးရင် ခြေဖနောင့် ခြောက်သွေ့အက်ကွဲတာတွေ သက်သာပြီး အသားချောလာစေတယ်၊ အသားအရေအတွက်လိုအပ်တဲ့ Moisture ကိုလည်း ရရှိစေပါတယ်။

မျက်အိတ်ဖောင်းတာမျက်ကွင်းညိုတာသက်သာဖို့အတွက်

ငှက်ပျောသီးအခွံကို အတွင်းသားဘက်ကနေ မျက်လုံးအောက်မှာ ကပ်ထားပေးပါ။ 15 မိနစ်ကပ်ပြီးမှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်အိတ်ဖောင်းတာ သက်သာစေမယ့်အပြင် မျက်ကွင်းညိုတာလည်း သက်သာလာစေပါတယ်။

ဝက်ခြံသက်သာဖို့အတွက်

ဝက်ခြံကို ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ ပွတ်ပေးခြင်းကလည်း ဝက်ခြံတွေ အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ ကြမ်းကြမ်းတမ်းတမ်းပွတ်တာမျိုးမလုပ်ပဲ ဖြေးဖြေးချင်းစီပွတ်ပေးပါ။

ကြွက်နို့ပျောက်စေဖို့အတွက်

အရမ်းမှည့်နေတာမျိုးမဟုတ်တဲ့ ငှက်ပျောသီးရဲ့အခွံကိုသုံးပြီး လုပ်ရမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးအစိမ်းလည်း ရပါတယ်။ အဲ့ဒီငှက်ပျောသီးအခွံကို သင့်တော်သလောက်ဖြတ်ပြီးတော့ ကြွက်နို့ကို ကပ်ထားပါ။ ကြွက်နို့ကိုကပ်ပြီး ပတ်တီးပတ်ထားတာမျိုး (သို့) တိတ်နဲ့ကပ်ထားတာမျိုး လုပ်ပေးပါ။ ပြီးရင်တစ်ညထားလိုက်ပါ။ မနက်ရောက်မှဖယ်ပါ။ နေ့တိုင်းလုပ်ပေးရင် တစ်ပတ်အတွင်းမှာပဲ ကြွက်နို့က သူ့အလိုလို ထွက်လာပါလိမ့်မယ်။