အပြုံးဆိုတာ အကောင်းဆုံး လူမှုဆက်ဆံရေးပေါင်းကူးတံတားတစ်ခုလို့ နာမည်ကြီးပါတယ်။ အနည်းဆုံးတော့ ပြုံးနေတဲ့သူတစ်ယောက်ကို မြင်တွေ့ရတာ စိတ်ကြည်နူးစရာကောင်းတာအမှန်ပါပဲ။ အပြုံးတစ်ချက်ဟာ စကားလုံးတွေထက် တာသွားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ အပြုံးဟာ သင့်ဘဝမှာ အလေ့အထလို ဖြစ်သင့်တာနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။
(၁) ဆွဲဆောင်မှုရှိစေတယ်
Photo: Unsplash
ပြုံးလိုက်လို့ပိုကြည့်ကောင်းသွားတယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြစရာ မလိုပါဘူး။ တစ်ခုရှိတာက Batman ရုပ်ရှင်ထဲက ဂျိုကာဇာတ်ကောင် ဟိသ်လက်ဂျာလိုတော့ မပြုံးနဲ့ပေါ့။
(၂) စိတ်ခံစားချက်ပါ ပြောင်းစေတယ်
Photo: Unsplash
စက္ကန့် ၆၀ လောက် ပြုံးနေလိုက်တာနဲ့ စိတ်ခံစားချက် Mood ပြောင်းသွားတတ်တယ်လို့ စိတ်ပညာရှင်တွေက တွေ့ရှိထားပါတယ်။ တစ်မိနစ်လောက် ပြုံးလိုက်တာနဲ့ ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုတွေ ဖြစ်စေတဲ့ Serotonin ဓါတ်တွေ ထွက်လာပါတယ်။
(၃) အပြုံးက လူတွေကို ကူးစက်သွားစေတယ်
Photo: Achievers
တစ်ခါတလေ ကိုယ်ပြုံးလိုက်မှ ကျန်တဲ့သူတွေရဲ့ မျက်နှာလည်း ပြုံးယောင်သန်းလာတာ တွေ့ရပါလိမ့်မယ်။ တစ်နည်းအားဖြင့် အပြုံးဟာ ကူးစက်တတ်တဲ့သဘော ရှိလို့ ဖြစ်ပါတယ်။ အပြုံးဟာ သံလိုက်လိုပဲ အနီးအနားက သံထည်တွေကို ဆွဲဆောင်နိုင်ပါတယ်။
(၄) သွေးဖိအားကို ကျဆင်းစေတယ်
Photo: Eat This, Not That
ပြုံးလိုက်တာနဲ့ Endorphins တွေ တက်လာတတ်ပါတယ်။ Endorphins တက်လာတာနဲ့ သွေးဖိအားတွေ ကျဆင်းလာပါတယ်။ မပြုံးခင်နဲ့ ပြုံးပြီးနောက် သွေးဖိအားဟာ သိသိသာသာ ပြောင်းသွားတယ်လို့ တွေ့ရှိထားပါတယ်။
(၅) အောင်မြင်မှု ရရှိစေတယ်
Photo: OfficeSpace Software
ပြုံးတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိတတ်ကြပါတယ်။ ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်တဲ့သူဟာ ရုံးမှာ ရာထူးတိုးဖို့လည်း အလားအလာများပါတယ်။ လူမှုပတ်ဝန်းကျင်မှာ လူချစ်လူခင်ပိုများပါတယ်။ ဒီတော့ မပြုံးလိုက်ရတဲ့ နေ့တစ်နေ့ဟာ ဆုံးရှုံးရတဲ့ နေ့တစ်နေ့လို့ မှတ်ထားသင့်ပါတယ်။