အေးတဲ့အချိန်မှာဆိုရင် နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းပိတ်ရင် နေရခက်တဲ့အတွက် ပျောက်မှ၊ သက်သာမှပဲ အဆင်ပြေမှာပါ။ ဒါကြောင့် အေးတဲ့အချိန်မှာ နှာခေါင်းပိတ်တာကို သက်သာစေမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဘေးတစ်စောင်းအိပ်ပါ

အိတ်တဲ့အခါမှာ ပက်လက်အနေအထားနဲ့အိပ်ရင် နှာခေါင်းပိတ်တာက ပိုနေရခက်ပါတယ်။ ဒါကြောင့် ဘေးတစ်စောင်းအနေအထားနဲ့ အိပ်ပါ။ အသက်ရှူရတာ ပိုအဆင်ပြေသလို နှာခေါင်းပိတ်တာလည်း နည်းနည်းသက်သာစေပါတယ်။

စွပ်ပြုတ်ပူပူ၊ လက်ဖက်ရည်ပူပူ

စွပ်ပြုတ်ပူပူ၊ လက်ဖက်ရည်ပူပူကို ပူနေတုန်း မှုတ်သောက်ပါ။ နှာပွင့်ပြီး နှာခေါင်းပိတ်တာ သက်သာစေပါတယ်။ လက်ဖက်ရည်ဆိုတာကတော့ Herbal Tea လိုမျိုးတွေသောက်တာ အကောင်းဆုံးပါ။

ကြက်သွန်ဖြူကိုပြုတ်ပြီး အငွေ့ရှူပါ

ရေနွေးတည်ပြီး ပွတ်ပွတ်ဆူခါနီးရင် ကြက်သွန်ဖြူထည့်လိုက်ပါ။ ပြီးရင် ပွက်ပွက်ဆူလာရင် အောက်ချပြီး ပုံမှာပြထားတဲ့အတိုင်း အငွေ့ရှူပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

အစပ်စားပါ

အစပ်စားပေးခြင်းက နှာပွင့်ထွက်သွားစေပြီး နေလို့ကောင်းသွားပါတယ်။ ဒါကြောင့် နှာပိတ်နေရင် အစပ်စားပါ။

Essential Oils ရှူပါ

Essential Oils ရှူပေးခြင်းကလည်း နှာပိတ်တာ သက်သာစေပါတယ်။ Peppermint Oil နဲ့ အုန်းဆီနဲ့ကိုရောပြီး ရှူပေးရင်တော့ ပိုကောင်းပါတယ်။ ညဘက်အိပ်ရင်လည်း Essential Oils ကို အခန်းထဲထားပြီးအိပ်ရင် ကောင်းမွန်စွာနဲ့ အိပ်ပျော်စေကာ နှာပိတ်တာလည်း သိသိသာသာ သက်သာစေပါတယ်။

နည်းလမ်း ၅ မျိုးထဲကမှ ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းကိုပဲလုပ်လုပ် စွတ်ပြုပူပူ၊ လက်ဖက်ရည်ပူပူ သောက်တာကိုတော့ နေ့တိုင်းသာ လုပ်ပေးပါ။ ပိုကောင်းပါတယ်။