လူမှုရေးကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် ရလာတဲ့ stress တွေကို သဘာဝအတိုင်း လျော့ကျသွားစေဖို့ကူညီပေးမယ့် နည်းလမ်းကောင်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Stress တွေပိလာရင် ဒီနည်းလမ်းတွေက အရမ်းကိုအသုံးဝင်စေပါတယ်။

ဆားခါး

Bath tube ရှိရင် ကိုယ်ခံနိုင်လောက်တဲ့အနေအထားနဲ့ ရေနွေးဖြည့်ပြီး ဆားခါးထည့်ပါ။ ပြီးရင် အဲ့ဒီထဲမှာ မိနစ် ၂၀ လောက် ဝင်စိမ်နေပါ။ ဒီလိုလုပ်ပေးခြင်းက stress တွေလျော့ကျသွားစေပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားစေပါတယ်။ နေလို့ထိုင်လို့လည်း ကောင်းသွားစေပါတယ်။ Stress အမြဲပိနေတဲ့သူတွေဆိုရင် တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်လောက် ပုံမှန်လုပ်ပေးရင် သိသာပါတယ်။

ယောဂ

ယောဂကျင့်ပေးခြင်းက stress တွေလျော့ကျစေပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ Stress တွေအမြန်ဆုံးလျော့ကျသွားအောင်၊ စိတ်တည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ယောဂကျင့်တာပါပဲ။

Chamomile tea

Chamomile tea – ၂ ဇွန်းကို ရေနွေးထဲထည့်ပြီး ၁၀ မိနစ်လောက်တည်ထားပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီး ပျားရည်ပါထည့်ခလောက်ပါ။ ပြီးရင်တော့ အဲ့တာကို တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက stress တွေ လျော့ကျစေပြီး အာရုံကြောစနစ် ပိုမိုကောင်းမွန်စေပါတယ်။

Body massage

Body massage လုပ်ပေးခြင်းက stress တွေလျော့ကျစေပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။

Green tea

Green tea ကိုသောက်ပေးခြင်းကလည်း stress တွေလျော့ကျစေပြီး စိတ်ကို relax ဖြစ်စေပါတယ်။ သောက်ရမယ့်နည်းလမ်းကတော့ ရေနွေးထဲကို green tea – ၂ ဇွန်းထည့်ပြီး ပွက်ပွက်ဆူအောင် ၅ မိနစ်လောက်တည်ထားပါ။ ရပြီဆိုရင် သောက်မယ့်ပန်းကန်ထဲထည့်ပြီး ပျားရည်နည်းနည်းထည့်ကာ မွှေသောက်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက် ပူပူလေးမှုတ်သောက်ပေးရင် ပိုပြီးကောင်းပါတယ်။