ဂျိုင်းအနံ့ဆိုးအရမ်းထွက်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် သဘာဝနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ Deodorant တွေသုံးလည်း ခဏပဲ ပြီးရင် အနံ့ကထွက်လာတာပဲဆိုရင် ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါ။

Baking Soda

Baking Soda ကို ရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင် ဂျိုင်းမှာလိမ်းပြီး ၅ မိနစ်လောက်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပါ။ ပုံမှန်လုပ်ပေးသွားရင် ဂျိုင်းချွေးထွက်တာနဲ့ ဂျိုင်းအနံ့နံတာတွေ သက်သာပျောက်ကင်းသွားမှာပါ။

Apple Cider Vinegar

Apple Cider Vinegar ကိုလည်း ရေနဲ့ ဆတူရောမွှေပြီးတော့ ဂွမ်းလုံးလေးနဲ့ယူကာ ဂျိုင်းကို ပွတ်လိမ်းပေးပါ။ နေ့တိုင်းလိမ်းပေးရင် ဂျိုင်းအနံ့ဆိုးထွက်တာ သက်သာပျောက်ကင်းလာပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီနဲ့လုပ်ရမယ့်နည်းလမ်းက အရမ်းလွယ်ကူရိုးရှင်းပါတယ်။ အုန်းဆီကို ဂျိုင်းမှာပွတ်လိမ်းပေးရုံပါပဲ။ တစ်နာရီလောက်ထားပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ နေ့တိုင်းလုပ်ပေးရင် ဂျိုင်းအနံ့ဆိုးထွက်တာ သက်သာလာပါလိမ့်မယ်။

သံပယိုရည်

 

သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး ဂျိုင်းကို ပွတ်ပေးရမှာပါ။ အဲ့လိုမပွတ်ချင်ရင် သံပယိုရည်ရအောင် ညှစ်ချပြီး ဂျိုင်းကို ပွတ်လိမ်းထားပါ။ ဂျိုင်းအနံ့ဆိုးထွက်တာကို ထိန်းပေးပြီး ဂျိုင်းအနံ့ထွက်တာလည်း သက်သာလာပါလိမ့်မယ်။

ကျောက်ချဉ်

ဂျိုင်းအနံ့ဆိုးထွက်ရင် ကျောက်ချဉ်လိမ်းရတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကျောက်ချဉ်ကို ရေနဲ့သွေးလိမ်းတာမျိုး၊ ပွတ်တာမျိုး လုပ်ပေးရမှာပါ။ နေ့တိုင်းတစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးသွားရင် ဂျိုင်းအနံ့ဆိုးထွက်တာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။