အခန့်မသင့်ရင် လည်ပင်းနာတာ၊ဇာတ်ကြောတက်တာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းသုံးတာ၊ ကွန်ပြူတာကြည့်တာများရင်၊ အာရုံကြောအားနည်းရင်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လည်ပင်းနာတာ၊ဇာတ်ကြောတက်တာကို ၅ မိနစ်လောက် အချိန်ပေးလုပ်ရုံနဲ့ သက်သာသွားစေမယ့် လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်း ၇ မျိုးလုံးက လွယ်လွယ်ကူကူလုပ်လို့ရတဲ့အပြင် တစ်နေ့ကို အချိန် ၅ မိနစ်ပဲပေးရတာဆိုတော့ Try ကြည့်သင့်ပါတယ်နော်။

မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်ကိုမတ်မတ်ထားပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ပခုံးကို ပင့်တင်ပါ။ အဲ့အတိုင်း စက္ကန့် ၃၀ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ခေါင်းပေါ်မှာ လက်အုပ်ချီထားပြီး ဦးခေါင်းကို ဘယ်လှည့်၊ ညာလှည့် လုပ်ပေးရပါမယ်။ ဒီအတိုင်း စက္ကန့် ၃၀ လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကိုစုပြီး အပေါ်ကို ဆန့်ထုတ်ပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့အတိုင်း ထပ်လုပ်ပါ။ ပြီးရင် ပထမပုံထဲကလို လက်ပြန်ဆန့်ပါ။ ဒီအတိုင်း ၁ မိနစ်ပြည့်အောင် လုပ်ရပါမယ်။

ထိုင်ခုံမှာ ခန္ဓာကိုယ်အနေအထား မတ်မတ်ထားပြီး ထိုင်ပါ။ လက်နှစ်ဖက်နဲ့ ခေါင်းကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း အောက်ငုံ့ပါ။ ပြီးရင် ခေါင်းကို ပြန်မတ်ပါ။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

ထိုင်ခုံမှာ သေချာမတ်မတ်ထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပုံထဲကလိုလုပ်ပါ။ ဘယ်ဘက်ကို စက္ကန့် ၃၀၊ ညာဘက်ကို စက္ကန့် ၃၀ လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း နံရံရှေ့မှာ ဘေးတစ်စောင်းရပ်ပြီး ခြေထောက်တစ်ဖက်က ရှေ့နည်းနည်းထုတ်ထားပါ။ ပြီးရင် ဒုတိယပုံထဲကလို လက်တစ်ဖက်ကို နောက်ပြန်ထားပြီး လက်ဖဝါးကို နံရံမှာကပ်ထားပါ။ ကျန်လက်တစ်ဖက်က ဗိုက်ကို ကိုင်ထားပါ။ အဲ့ပုံစံအတိုင်း စက္ကန့် ၃၀ လုပ်ပေးပါ။ ပြီးရင် နောက်တစ်ဖက်ကို ပြောင်းလှည့်ပြီး ထပ်လုပ်ပါ။ ဘယ် စက္ကန့် ၃၀ ၊ ညာ စက္ကန့် ၃၀ လုပ်ပေးရမှာပါ။

လက်ချောင်းနှစ်ချောင်းနဲ့ မေးစိကို ထိထားပြီး ပုံမှာပြထားတဲ့အတိုင်း ခေါင်းကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် လုပ်ပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ပြည့်အောင်လုပ်ပါ။

Source: www.brightside.me