လူတိုင်းသီချင်းနားထောင်မှာပါ။ သီချင်းနားထောင်ရတာကို မကြိုက်တဲ့သူဆိုတာလည်း ရှားမယ်လို့ထင်ပါတယ်။ သီချင်းနားထောင်တာက စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးရှိစေတဲ့အရာပါပဲ။ ဒါကြောင့် သီချင်းနားထောင်တဲ့အခါမှာ ရရှိလာမယ့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

စိတ်ပျော်ရွှင်စေခြင်း

ပျော်စရာကောင်းတဲ့သီချင်းတွေ၊ ကြည်နူးစရာကောင်းတဲ့ သီချင်းတွေကို နားထောင်တဲ့အခါမှာ စိတ်ပျော်ရွှင်စေပါတယ်။ ကိုယ်နားထောင်တဲ့ သီချင်းအမျိုးအစားပေါ်မူတည်ပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။

Stress တွေလျော့ကျစေခြင်း

Stress တွေပိပြီး စိတ်ညစ်နေချိန်၊ စိတ်ဖိစီးမှုတွေများနေချိန်မှာ သီချင်းနားထောင်လိုက်မယ်ဆိုရင် စိတ်သက်သာရာရစေပါတယ်။ လေကောင်းလေသန့်ရှူပြီး သီချင်းနားထောင်တာမျိုး၊ လှပတဲ့ရှုခင်း (သို့) အပြင်ကိုငေးရင်း သီချင်းနားထောင်တာမျိုးတွေက Stress တွေကို ချက်ချင်းလျော့ကျစေနိုင်ပါတယ်။

Depression လျော့စေခြင်း

စိတ်ဓာတ်ကျပြီး Depression ဝင်နေချိန်မှာ ကိုယ့်အတွက် အားဖြစ်စေမယ့် သီချင်းတွေကို နားထောင်ပေးရင် စိတ်သက်သာရာရပြီး အားဖြစ်လာစေတယ်၊ ပြန်ပြီး Strong ဖြစ်လာသလို ခံစားရစေပါတယ်။ ဒီလိုအချိန်မှာ အဆွေးသီချင်းတွေ၊ ဝမ်းနည်းစရာ သီချင်းတွေကို နားထောင်ရင်တော့ ဝမ်းနည်းပြီး မျက်ရည်ကျလာမှာပါ။

Active ဖြစ်လာစေခြင်း

အလုပ်လုပ်ရတာ ပျင်းလာရင် မြူးကြွတဲ့သီချင်းတွေကို နားထောင်ပြီးလုပ်ရင် လန်းဆန်းပြီး Active ဖြစ်လာပါလိမ့်မယ်။ စာကျက်ရတာ ပျင်းလာရင်လည်း သီချင်းလေးခဏနားထောင်ပြီးမှ ပြန်လုပ်ပါ။ အားကစားလုပ်တဲ့အခါမှာလည်း သီချင်းနားထောင်ပြီးလုပ်ရင် ပိုတက်ကြွပြီး ပိုလုပ်နိုင်ပါတယ်။

စိတ်ကြည်စေခြင်း

စိတ်တွေရှုပ်ထွေးပြီး စိတ်မကြည်တဲ့အခါမှာ သီချင်းအေးအေးလေးတွေကို နားထောင်ပေးတာပဲဖြစ်ဖြစ်၊ သာယာတဲ့တီးလုံးသံလေးတွေကို နားထောင်တာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် စိတ်ကြည်လာစေပါတယ်။ စိတ်တိုနေတာတွေလည်း လျော့ကျသွားစေပါတယ်။