မျက်ကွင်းညိုတာက မွေးရာပါညိုတာလည်းရှိသလို တခြားအကြောင်းကြောင့် ညိုတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မွေးရာပါညိုတာမျိုးမဟုတ်ပဲ မျက်ကွင်းညိုရခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ငိုထားတဲ့အချိန်

ငိုထားရင်လည်း မျက်ကွင်းညိုပြီး မျက်အိတ်ဖောင်းတာတွေ ဖြစ်ပါတယ်။ တကယ်လို့ ငိုမိရင်လည်း ချက်ချင်း ရေခဲကပ်တာမျိုး လုပ်ပေးရင် နည်းနည်းသက်သာစေပါတယ်။

နေရောင်ခြည်ထိတာများခြင်း

နေအရမ်းပြင်းတဲ့နေ့တွေမှာ အပြင်သွားရင် နေကာမျက်မှန်မတပ်ပဲ၊ ထီးမဆောင်းပဲ ဒီတိုင်းသားလာတာတွေက မျက်နှာနဲ့ မျက်လုံးနားတစ်ဝိုက် အသားအရေကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာကြောင့် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်တာမျိုး၊ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်တာမျိုး၊ မျက်ကွင်းညိုတာမျိုးတွေ ဖြစ်စေပါတယ်။

အအိပ်လွန်ခြင်း

အအိပ်လွန်ပြီး တစ်နေကုန်အိပ်နေရင် မျက်လုံးတွေဖောင်းညစ်ပြီး မျက်ကွင်းညိုတာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ရင်လည်း မျက်ကွင်းညိုသလို အအိပ်လွန်ရင်လည်း မျက်ကွင်းညိုပါတယ်။

Iron ဓာတ်ချို့တဲ့ခြင်း

Iron ဓာတ်ချို့တဲ့နေရင်လည်း မျက်ကွင်းညိုစေပါတယ်။ ဒါကြောင့် Iron ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ Iron Level ကို မြှင့်တင်ပေးနိုင်ပါတယ်။

Lifestyle က Healthy မဖြစ်ခြင်း

ကိုယ့်ရဲ့ Lifestyle ကို ပြန်စစ်ကြည့်ပါ။ အိပ်ချိန်မမှန်တာမျိုး၊ ညဘက်တွေ နောက်ကျမှအိပ်တာမျိုး၊ ဖုန်းအသုံးများနေတာမျိုး၊ Screen Time များနေတာမျိုးတွေ ဖြစ်နေတယ်ဆိုရင်တော့ Healthy Lifestyle မဖြစ်တာကြောင့် သေချာပေါက် မျက်ကွင်းညိုပြီး မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ မြန်မြန်ပေါ်လာမှာပါ။ နောက်တစ်ခုကတော့ Eye Cream လိမ်းဖို့ပါပဲ။