တံတောင်ဆစ်မဲတာက လက်ထောက်တာများရင် မဲပါတယ်။ တချို့ကျတော့လည်း တံတောင်ဆစ်နေရာက အရမ်းမဲနေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် တံတောင်ဆစ်မဲတာ သက်သာစေဖို့ အလွယ်ကူဆုံး home remedies 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ တံတောင်ဆစ်မဲလို့ စိတ်ညစ်နေတဲ့သူတွေဆို လုပ်ကြည့်သင့်ပါတယ်။

အုန်းဆီ

ဒီနည်းလမ်းကတော့ အလွယ်ဆုံးပါပဲ။ တစ်နေ့ကို ၃ ကြိမ် တံတောင်ဆစ်ကို အုန်းဆီနဲ့ ပွတ်ပြီးလိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်မှ wet tissue နဲ့ သုတ်လိုက်ပါ။ တံတောင်ဆစ်မဲတာက အသားခြောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အလွယ်ကူဆုံးဖြစ်တဲ့ ဒီနည်းလမ်းကို try ကြည့်ပါ။

သံပယိုရည်

သံပယိုသီးကို အရည်ညှစ်ချပြီး တံတောင်ဆစ်မှာလိမ်းကာ ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ဆေးချပြီး moisturizer ပြန်လိမ်းပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်နေ့တစ်ကြိမ် နေ့တိုင်းလုပ်ပေးပါ။ သံပယိုက အစွန်းအထင်းတွေ၊ မဲတာတွေအတွက် အရမ်းကောင်းပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ကို ရှာလကာရည်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး တံတောင်ဆစ်မှာ လိမ်းထားပေးပါ။ ခြောက်သွားပြီဆိုမှ ရေဆေးချပြီး moisturizer ပြန်လိမ်းပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် ၃ ရက်တစ်ခါ၊ ၅ ရက်တစ်ခါ ပုံမှန်လုပ်ပေးပါ။

သကြား

သကြားကို သံလွင်ဆီနဲ့ ရောမွှေပြီး တံတောင်ဆစ်ကို scrub တိုက်ပေးပါ။ ၅ မိနစ်လောက် ဖြေးဖြေးချင်းစီ ပွတ်ပြီးတိုက်ပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပြီး moisturizer လိမ်းပေးပါ။ ဒီနည်းလမ်းကိုလုပ်ရင် ၅ ရက်တစ်ခါ၊ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို နွားနို့နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး တံတောင်ဆစ်မှာ လိမ်းထားပေးပါ။ ၃ မိနစ်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပြီး moistutizer လိမ်းပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးပါ။