ဆံပင်မှာ ပီကေတွကပ်သွားရင် ခွာရခက်ပါတယ်။ အကုန်ပြောင်အောင် ဖယ်ဖို့ကလည်း အဆင်မပြေပါဘူး။ စိတ်မရှည်ရင် ကတ်ကြေးနဲ့ညှပ်ပစ်ကြတာများပါတယ်။ ဒါကြောင့် ဆံပင်မှာ ပီကေကပ်တဲ့အခါ ကတ်ကြေးနဲ့လည်း ညှပ်ပစ်စရာမလိုပဲ ပီကေကိုဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

ရှာလကာရည်

ရှာလကာရည်ကို ပန်းကန်လုံးထဲထည့်ပါ။ ပြီးရင် ပီကေကပ်နေတဲ့ ဆံသားနေရာကိုပဲ စိမ်ထားပါ။ ၁၅ မိနစ်စိမ်ထားပြီးရင် ဘီး (သို့) လက်ချောင်းနဲ့ပွတ်ကာ ဖယ်ရှားလို့ရပါပြီ။ ဒါဆိုရင်တော့ ပီကေတွေကို အလွယ်တကူ ဖယ်လို့ရသွားပါလိမ့်မယ်။

ရေခဲတုံး

ပီကေကပ်နေတဲ့ဆံပင်ပေါ်ကို ရေခဲတုံးကပ်ပေးပါ။ ကြာကြာကပ်ပေးပါ။ ခွာကြည့်လို့ မရသေးရင် ထပ်ကပ်ပါ။ ဒီလိုနဲ့ ပီကေကိုခွာလို့ရသွားပါလိမ့်မယ်။

Natural Oils

Natural Oils တွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတို့ကို ကပ်နေတဲ့ပီကေနဲ့ ဆံသားပတ်ပတ်လည်ကို ရွှဲနေအောင် လိမ်းပေးပါ။ ပြီးရင် မိနစ်နည်းနည်းကြာအောင် ထားလိုက်ပါ။ ပြီးမှ ပီကေကိုခွာကြည့်ပါ။ ခွာလို့ရသွားပါလိမ့်မယ်။

Peanut Butter

Peanut Butter ကို ကပ်နေတဲ့ပီကေနဲ့ ပီကေဘေးက ဆံသားပတ်ပတ်လည်ကို သုတ်လိမ်းထားပါ။ အချိန်တစ်ခုထားပြီး နည်းနည်းကြာရင် လက်နဲ့ပွတ်ပြီး တိုက်ကြည့်ပါ။ ပီကေတွေပြောင်သွားပါလိမ့်မယ်။

Hair Conditioner

Conditioner ကိုများများယူပြီး ပီကေကပ်နေတဲ့ ဆံသားပေါ်ကိုပဲ ယူလိမ်းထားပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပြီးရင် လက်ချောင်းတွေနဲ ပွတ်ပေးပါ။ ပြီးရင်တော့ ဘီးနဲ့ဖြီးချပြီး ရေဆေးလိုက်ပါ။ ပီကေတွေ ပြောင်သွားပါလိမ့်မယ်။