အသက် ၄၀ ကျော်အမျိုးသမီးတွေအနေနဲ့ နေရတာ ပေါ့ပါးသွက်လက်ပြီး လန်းဆန်းနေဖို့ ကျန်းမာနေဖို့က အရေးကြီးပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်အမျိုးသမီးတွေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

အပေါ်ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင် ၁၀ စက္ကန့်နေပေးရပါမယ်။ ခဏနားလိုက်၊ ၁၀ စက္ကန့်ရအောင်ထပ်နေလိုက်နဲ့ ၁၀ ကြိမ်ပြည့်အောင် လုပ်ပေးရပါမယ်။ ဝတဲ့သူတွေအတွက်တော့ လုပ်ရတာခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရသလောက်လေး ကြိုးစားကြည့်ပါ။

ကြိုးခုန်ပေးပါ။ တစ်ခါခုန်ရင် ၁၅ ကြိမ်ခုန်ပြီး အနည်းဆုံး ၅ ခေါက်လုပ်ရပါမယ်။ ၁၅ ကြိမ် ခုန်လိုက်၊ ခဏနားလိုက်လုပ်လို့ရပါတယ်။ ၁၅ ချိန် ၅ ခါဆိုတော့ ၇၅ ကြိမ် ဖြစ်သွားမှာပါ။ အမောမခံနိုင်ရင် စစလုပ်ချင်းမှာ နည်းနည်းချင်းစီလုပ်ပြီး နောက်ပိုင်းမှ တိုးပြီးလုပ်သွားလို့ရပါတယ်။

အပေါ်ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင် ၁၀ စက္ကန့် နေပေးရပါမယ်။ ၁၀ ကြိမ်လုပ်ပေးရမှာပါ။ ဗိုက်အောက်မှာ စောင်လေးခံထားဖို့လည်း မမေ့ပါနဲ့။

အပေါ်ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး အလေးတုံးနှစ်ခုကို စုံပေးရမှာပါ။ ပြန်ခွာလိုက်၊ စုံလိုက်နဲ့ ၁၀ ကြိမ်ပြည့်အောင် လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက လက်မောင်းသားလျော့တွဲကျတာတွေကိုပါ ပြန်ပြီးတင်းရင်းလာစေပါတယ်။

ကျန်းမာရေးအတွက် လမ်းလျှောက်တာမျိုး နေ့တိုင်းလုပ်ပေးပါ။ တစ်နေ့ကို မိနစ် ၃၀ လောက် ကျန်းမာရေးအတွက် လမ်းလျှောက်ပေးပါ။

Source: www.brightside.me