ပေါင်တုတ်တယ်ဆိုတာလည်း ပေါင်အတွင်းသားက အဆီတွေကြောင့်ပါ။ ဒီလို ပေါင်တုတ်လို့ အတိုမဝတ်ရဲဖြစ်နေတယ်ဆိုရင်တော့ စိတ်မပူပါနဲ့။ ပေါင်အတွင်းသားက အဆီတွေကျသွားအောင် လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက လုပ်ရတာလည်း လွယ်ကူတော့ အိမ်မှာ နေ့တိုင်း အချိန်ခဏပေးပြီး လုပ်ကြည့်ပါ။ နေ့တိုင်းပုံမှန်လုပ်သွားရင်တော့ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။ အဓိကကတော့ ဇွဲရှိဖို့နဲ့ စိတ်ရှည်ဖို့လိုပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်၊ လက်တွေကို အဲ့အတိုင်းထားပါ။ ပြီးရင် မတ်တပ်ရပ်ပါ။ ပြီးရင် အဲ့အနေအထားအတိုင်း ပြန်လုပ်ပါ။ အနည်းဆုံး ၁၅ ကြိမ်ရအောင် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ၁၅ ကြိမ်ပြည့်အောင် လုပ်ပေးပါ။ ပြီးရင် ဘယ်၊ ညာ တစ်လှည့်စီ ပြောင်းလုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ရအောင်နေပါ။ ခြေထောက်ကိုက ပုံမှာပြထားတဲ့အတိုင်း ၂ စက္ကန့်ကြာအောင် မြှောက်တန်းထားပါ။ ပြီးရင် ခြေထောက်ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပြီး ၂ စက္ကန့်ထပ်လုပ်ပါ။ အဲ့ပုံစံအတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ်ရအောင် လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ၅ စက္ကန့်နေပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အနေအထားအတိုင်းပြန်နေပြီး ၅ စက္ကန့်ထပ်နေပါ။ အနည်းဆုံး အကြိမ်ရေ ၁၅ ကြိမ်ရအောင် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်နဲ့လက်ကို ကားထားပါ။ ပြီးရင် ခုန်ပြီး တစ်ပြိုင်ထဲ ခြေထောက်ကော၊ လက်ကော ပြန်စုပါ။ ပြီးရင် အဲ့အနေအထားအတိုင်း ပြန်ကားပါ။ လုပ်ရမယ့်အကြိမ်ရေကတော့ အနည်းဆုံး ၅ ကြိမ်ပါ။

Source: www.brightside.me