စိတ်ခံစားမှုတွေကြောင့်ပဲ ပျော်ရွှင်တာ၊ စိတ်ဓာတ်မာကြောတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဓာတ်ပျော့ညံ့တာတွေ ဖြစ်စေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ခံစားမှုတွေ၊ ခံစားချက်တွေကို သေချာ Control လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် ဒီစိတ်ခံစားချက် ၅ ခုက သင့်ကို စိတ်ဓာတ်ပျော့ညံ့တဲ့ သူတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်ပါတယ်။

အတွေးလွန်ခြင်း

စိတ်ဓာတ်ပျော့ညံ့တဲ့သူဖြစ်အောင်၊ Depression ဝင်အောင် လုပ်နိုင်တဲ့ အဆိုးဆုံးအရာကတော့ အတွေးလွန်ခြင်းပါပဲ။ အတွေးလွန်နေရင် သူများထက်ပိုပြီး စိတ်ညစ်ရပါတယ်။ မဖြစ်သေးတာတွေကအစ တွေးပူပြီး ကြောက်နေခြင်းက သင့်ကို စိတ်ဓာတ်ပျော့ညံ့တဲ့သူဖြစ်အောင် လုပ်နိုင်ပါတယ်။ အရမ်းတွေးလွန်းရင် အမျိုးမျိုးသော စိတ်ခံစားမှုတွေ၊ မကောင်းတဲ့ စိတ်ခံစားချက်တွေ တစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။

စိုးရိမ်ပူပန်မှုများခြင်း

စိုးရိမ်ပူပန်မှုများရင် ပိုပူလောင်ရပါတယ်၊ တစ်ခုခုဆို ဖြစ်ပါ့မလားဆိုပြီး မလုပ်ရဲမကိုင်ရဲတွေ ဖြစ်လာပါမယ်။ စိုးရိမ်တာတွေနဲ့ပဲ ရှေ့မရောက်တော့ပဲ ပူလောင်နေရပါမယ်။ ဒါတွေက ကြာလာရင် သင့်ကို စိတ်ဓာတ်ပျော့ညံ့တဲ့သူ ဖြစ်လာစေပါတယ်။

ဝမ်းနည်းလွယ်ခြင်း

တစ်ခုခုဆို အရမ်းဝမ်းနည်းတတ်တာ၊ ဝမ်းနည်းလွယ်တာဟာ စိတ်ဓာတ်ပျော့ညံ့စေတဲ့အတွက် Depression ဝင်ဖို့လည်း အရမ်းလွယ်ပါတယ်။ အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေလည်း အလိုလိုကို ဝင်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။

မကောင်းမြင်စိတ်များခြင်း

အရာရာကို မကောင်းမြင်စိတ်နဲ့တွေးနေမယ်၊ ကြည့်နေမယ်ဆိုရင်တော့ ပျော်စရာရှိရင်တောင် အပြည့်အဝ စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။ မကောင်းတဲ့စိတ်ခံစားချက်တွေများပြီး စိတ်ဓာတ်ကျလွယ်တာ၊ ခဏခဏစိတ်ညစ်တာတွေ ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာဟာ အရာရာကို သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ ဝင်လာစေတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲကတော့ သင့်ကို စိတ်ဓာတ်ပျော့ညံ့တဲ့သူတစ်ယောက် ဖြစ်လာစေတာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်နေပါ။