မှဲ့ဖျက်ချင်ရင် အိမ်မှာလုပ်တဲ့သူတွေက အပ်ကိုမီးကင်ပြီး ဖယ်ထုတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက အခန့်မသင့်ရင် ပိုးဝင်တာမျိုး ဖြစ်တတ်တာကြောင့် သေချာဂရုစိုက်ဖို့လိုပါတယ်။ သဘာဝနည်းလမ်းတွေနဲ့လည်း ကိုယ်မလိုချင်တဲ့မှဲ့ကို ဖျက်လို့ရပါတယ်။ ဒါကြောင့် မှဲ့ဖျက်ချင်တဲ့သူတွေအတွက် effective ဖြစ်တဲ့ ရိုးရှင်းသောသဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကိုအခွံခွာ၊ ကြေညက်သွားအောင်ကြိတ်ပြီး မှဲ့ပေါ်မှာ လိမ်းထားပေးရမှာပါ။ ၇ ရက်လောက် ဆက်တိုက် တစ်နေ့ကို ၃ ကြိမ်လောက် လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်မလိုချင်တဲ့မှဲ့ကို ဆိုဒ်သေးပြီးပါးလာအောင် လုပ်နိုင်ပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီနဲ့ baking soda ကို ရောမွှေပြီး မှဲ့ပေါ်မှာ နေ့တိုင်းလိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကိုယ်မလိုချင်တဲ့မှဲ့ကို အမြစ်ကနေ ဖယ်ရှားပေးနိုင်ပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီကို အရည်ရအောင်လုပ်ပြီး ရလာတဲ့ ကြက်သွန်နီအရည်ကိုမှ မှဲ့ပေါ်မှာ လိမ်းပေးရမှာပါ။ နေ့တိုင်းလိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်မလိုချင်တဲ့မှဲ့တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်လက်ပတ်ဂျယ်လ်စစ်စစ်ကို မှဲ့ပေါ်မှာ လိမ်းပေးခြင်းကလည်း မှဲ့ကိုအမြစ်ကနေ ဖယ်ရှားပစ်နိုင်ပါတယ်။ အမဲစက်ရှိရင်လည်း အမဲစက်ပေါ်မှာသာ ပွတ်ပေးပါ။ အမဲစက်တွေ ပါးသွားစေပါတယ်။

သံပရာရည်

သံပရာရည်ကို မှဲ့ပေါ်ပွတ်လိမ်းပြီး ခြောက်သွေ့တဲ့အဝတ်နဲ့ ပွတ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လုပ်လို့ရပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သင်မလိုချင်တဲ့မှဲ့တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။