ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းတွေလည်း လုပ်လို့ရသလို၊ ယောဂကျင့်တာမျိုးနဲ့လည်း လုပ်လို့ရပါတယ်။ ယောဂကျင့်လေ့မရှိတဲ့သူတွေလည်း လွယ်လွယ်ကူကူနဲ့ အခက်အခဲမရှိပဲလိုက်လုပ်လို့ရအောင် ဝိတ်ကျဖို့အတွက်ကူညီပေးနိုင်တဲ့ အလွယ်ကူဆုံးယာဂကျင့်စဉ် (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင် စက္ကန့် ၂၀ နေပေးရပါမယ်။ ဘယ်၊ ညာ တစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်နေ့ကို ၅ ကြိမ်စီလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီယောဂကျင့်စဉ်က ဗိုက်အဆီကျစေပြီး၊ လက်မောင်းနဲ့ ခြေထောက်၊ ပေါင်လည်း အဆီကျစေပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကြာကြာလေးနေပေးနိုင်လေ ကောင်းလေပါပဲ။ သူက ဗိုက်အဆီတွေ သိသိသာသာကျပြီး ဗိုက်ချပ်စေတဲ့ ယောဂကျင့်စဉ်ပါ။

 

ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင် စက္ကန့် ၂၀ လောက် ကြိုးစားပြီးနေပေးပါ။ ဝိတ်ကျစေဖို့အတွက် အများကြီးကူညီပေးနိုင်တဲ့ ယောဂကျင့်စဉ်ဖြစ်တာကြောင့် ပုံထဲကလောက် ချက်ချင်းမလုပ်နိုင်လည်း ဖြည်းဖြည်းချင်းစီ ကြိုးစားလုပ်ရင် ရသွားမှာပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းရအောင် ကြာကြာလေးနေပေးပါ။ တစ်နေ့ကို ၁၅ မိနစ်ရအောင် နေပေးပါ။ ဒီယောဂကျင့်စဉ်က ဗိုက်ချပ်ပြီး ဗိုက်အဆီကျတာ သိသာစေသလို လက်မောင်းအဆီလည်း ကျစေပါတယ်။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၂၀ နေပေးရမှာပါ။ ဗိုက်ပူတဲ့သူဆိုရင်တော့ ဗိုက်ခံနေတာကြောင့် ဒီလောက် ငုံ့လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရသလောက်ပဲ ဖြည်းဖြည်းချင်းစီ ကြိုးစားလုပ်သွားရင် အဆင်ပြေသွားပါလိမ့်မယ်။