မော်ဒယ်တစ်ယောက်လို လှပပြီး သွယ်လျတဲ့ ခြေတံလေးတွေကို ပိုင်ဆိုင်ချင်တဲ့ ပျိုမေတို့အတွက် ကိုယ်တိုင်အိမ်မှာလုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ခြေတံလေးတွေ ပိုပြီးလှပလာစေဖို့အတွက် ကူညီပေးပါလိမ့်မယ်။

အပေါ်ပုံမှာပြထားတဲ့အတိုင်း အလေးကိုကိုင်ပြီး ခြေထောက်တစ်ဖက်ကို နောက်ကိုဆန့်ထားရမှာပါ။ T ပုံစံလိုမျိုးလုပ်ပေးရမှာပါ။ ခြေထောက်ပြန်ချလိုက်၊ ဒီပုံစံအတိုင်ပြန်လုပ်လိုက်နဲ့ ၃ မိနစ်လောက် လုပ်ပေးရပါမယ်။

အပေါ်ပုံမှာပြထားတဲ့ အနေအထားအတိုင်း ရအောင်လုပ်ပေးပါ။ ခြေထောက်ကို ပုံထဲကလို ၁၀ စက္ကန့် ဆန့်ထုတ်ထားပါ။ ပြီးရင် ဒူးပြန်ထောင်လိုက်ပါ။ ပြီးတာနဲ့ ပြန်ဆန့်ထုတ်ပါ။ ဒီပုံစံအတိုင်း ၃ မိနစ်လုပ်ပေးရပါမယ်။

အပေါ်ပုံထဲကလို အလေးတုံးကိုကိုင်ပြီး မတ်မတ်ရပ်ပါ။ ပြီးရင် ြခေဖျားထောက်လိုက်၊ ပြန်ချလိုက်နဲ့ တစ်လှည့်စီလုပ်ပေးရပါမယ်။ အကြိမ်ရေများများလေး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

အပေါ်ပုံမှပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်ကို အပေါ်ကို ကားထုတ်လိုက်၊ ပြန်ချလိုက်နဲ့ ၁ မိနစ်ပြည့်အောင် လုပ်ပေးရပါမယ်။ ဘယ်ခြေထောက်ပြီးရင် ညာခြေထောက်ကိုလည်း ၁ မိနစ် ထပ်လုပ်ပေးပါ။

အပေါ်မှာပြထားတဲ့ ပထမပုံအနေအထားအတိုင်း အလေးကိုင်ပြီး အရင်နေပါ။ ပြီးတာနဲ့ ခြေထောက် အနေအထားကို ဒုတိယပုံထဲကလိုရအောင် လုပ်ပေးပါ။ ပြီးရင် ပထမပုံထဲကလို ပြန်ရပ်ပါ။ ဒီတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ၂ မိနစ်ပြည့်အောင် လုပ်ပေးရမှာပါ။

Source: www.brightside.me