တစ်ခါတစ်လေကျရင် အလုပ်မသွားချင်တာမျိုး၊ အလုပ်လုပ်ရမှာ ပျင်းနေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလို အလုပ်လုပ်ရမှာ ပျင်းနေတဲ့သူတွေအတွက် Motivation လေးပြန်ရပြီး အလုပ်လုပ်ချင်စိတ်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အလွယ်ကူဆုံးအချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။
Schedule ဆွဲပါ
အရင်ဆုံး ကိုယ်လုပ်ရမယ့်အလုပ်တွေကို Schedule ဆွဲလိုက်ပါ။ အဲ့အတိုင်း လုပ်သွားမယ်ဆိုရင် အချိန်နဲ့သေချာစီစစ်ပြီး လုပ်နိုင်မှာဖြစ်တဲ့အတွက် အလုပ်လည်းမပုံတော့ဘူး၊ လုပ်ရမယ့်အလုပ်တွေနဲ့ အချိန်ကိုလည်း ပိုပြီးတော့ စီမံခန့်ခွဲလာနိုင်ပါမယ်။ အလုပ်လုပ်မယ့်အချိန်၊ နားမယ့်အချိန်ကိုပါ Schedule ထဲ ထည့်ဆွဲလိုက်ရင် ပိုပြီးတော့လည်း စိတ်သက်သာရာရစေပါတယ်။ ဒါကြောင့် ဒီအချက်ကို လုပ်ကြည့်ပါ။
အလုပ်နေရာကိုအလှဆင်ပါ
အလုပ်နေရာကို အလှဆင်ထားရင် အလုပ်လုပ်ချင်စိတ် ဖြစ်စေပါတယ်။ ကိုယ့်နေရာကိုသဘောကျပြီး စိတ်ကျေနပ်မှုလည်း ရစေပါတယ်။ အရေးမကြီးဘူးထင်နေတဲ့ ဒီအချက်က သင့်ကို အလုပ်လုပ်ချင်စိတ်ဖြစ်လာအောင် တွန်းပို့ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
သန့်ရှင်းသပ်ရပ်အောင်ထားပါ
ကိုယ့်အလုပ်နေရာက ညစ်ပတ်ပြီးရှုပ်ပွနေရင် အလုပ်လုပ်ရတာ ပိုစိတ်ရှုပ်ပါတယ်။ အလုပ်မလုပ်ချင်သလို စိတ်လည်းညစ်နွမ်းစေပါတယ်။ ဒါကြောင့် အလုပ်နေရာကို အမြဲတမ်း သန့်ရှင်းသပ်ရပ်အောင်ထားပါ။ ဒါဆိုရင် စိတ်ကြည်လင်ပြီး အလုပ်လုပ်ရတာလည်း ပိုပြီး Active ဖြစ်စေပါတယ်။
Fashion ကို သေချာဝတ်ဆင်ပါ
အလုပ်သွားတဲ့အခါ ပြီးပြီးရော ဝတ်စားသွားတာမျိုးမလုပ်ပဲနဲ့ Fashion ကိုသေချာလေးပြင်ဆင်ပြီး ဝတ်စားသွားပါ။ အမြဲတမ်း ဒီလိုလေးသေချာပြင်ဆင်ပြီး ဝတ်စားနေရင် အမြဲလှနေမှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်မှုရှိလာမယ်၊ စိတ်ပျော်လာမယ်၊ နောက်နေ့အလုပ်သွားရင် ဘယ်လို Fashion ဝတ်ရမလဲဆိုတာ စဉ်းစားရင်း အလုပ်မသွားချင်ဘူး၊ အလုပ်မလုပ်ချင်ဘူးဆိုတဲ့ အတွေးတွေလည်း လျော့ကျလာပါလိမ့်မယ်။
အလုပ်ပြီးရင်ဘာလုပ်ချင်လဲဆိုတာကို Plan ထားပါ
နောက်ဆုံးတစ်ချက်ကတော့ ဒီနေ့အတွက် အလုပ်ပြီးရင် ဘာလုပ်ချင်လဲဆိုတာကို ကြိုတင်ပြီး Plan ချထားပါ။ ဒါဆိုရင် အလုပ်လုပ်ရတာပိုပြီးတော့ Moti ရစေပါတယ်။ အလုပ်ပြီးရင် ငါလုပ်ချင်တာလုပ်ရတော့မယ်၊ သွားချင်တဲ့နေရာကိုသွားပြီး ပျော်ပါးရတော့မယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်ရမှာမပျင်းတော့ပဲ အလုပ်ပြီးအောင် အာရုံစိုက်ပြီး လုပ်ဖြစ်သွားပါလိမ့်မယ်။ အလုပ်ပြီးသွားတဲ့အခါ ပျော်ရွှင်မှုကို ပိုရရှိစေပါတယ်။