လေ့ကျင့်ခန်းလုပ်သလိုပဲ အကျင့်လုပ်ပြီး ခြေဗလာနဲ့ နေ့တိုင်း မိနစ် ၃၀၊ ၄၅ မိနစ်လောက် လမ်းလျှောက်ပေးတာက အရမ်းကောင်းပါတယ်။ ဘာအတွက်ကောင်းလဲဆိုရင်တော့ ဒီကောင်းကျိုး ၅ ခုကို သေချာပေါက်ရစေပါတယ်။

အိပ်မပျော်ရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း

ခြေဗလာနဲ့လမ်းလျှောက်ပေးခြင်းက အိပ်စက်ခြင်းနဲ့ energy levels ကို တိုးမြှင့်ပေးပြီး ဖျားနာခြင်းတွေ ခဏခဏမဖြစ်အောင် ကာကွယ်ပေးတယ်၊ ညဘက်တွေမှာ ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ရာသီလာချိန်ကိုက်ခဲတာလျော့ကျစေခြင်း

ခြေဗလာနဲ့ လမ်းလျှောက်ပေးခြင်းက အမျိုးသမီးတွေ ရာသီလာချိန် ကိုက်ခဲနာကျင်တာတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် နေ့တိုင်းအချိန်ပေးပြီး ပုံမှန်လေး လျှောက်ပေးသင့်ပါတယ်။

Stress တွေလျော့ကျစေခြင်း

ခြေဗလာနဲ့ လမ်းလျှောက်ပေးခြင်းက stress တွေလျော့ကျစေပြီး mood ပိုကောင်းစေပါတယ်။ ကိုယ်ရောစိတ်ပါ နေလို့ကောင်းသွားသလို ခံစားမှုမျိုး ရစေပါတယ်။

ကလေးတွေစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်လာစေခြင်း

ကလေးတွေကိုပါ လေ့ကျင့်ခန်းလုပ်သလို ပုံမှန် ခြေဗလာနဲ့ လမ်းလျှောက်ပေးခြင်းက ကလေးတွေရဲ့ immune system ပိုကောင်းလာစေပြီး allergies ဖြစ်တာတွေ လျော့ကျစေတယ်၊ သူတို့အတွက်ရစေနိုင်တဲ့ stress levels တွေကို ထိန်းချုပ်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း ပိုမိုကြံ့ခိုင်လာစေဖို့ အထောက်အကူပြုပါတယ်။

Anti-aging ဖြစ်တာကိုနှောင့်နှေးစေခြင်း

ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်ပေးရင် သွေးဆီးစင်းမှု ကောင်းမွန်စေပြီး အရွယ်မတိုင်ခင် anti-aing မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။ အသက်အရွယ်ရလာရင်လည်း anti-aging ဖြစ်တာကို နှောင့်နှေးစေပါတယ်။ ခြေဗလာနဲ့ တစ်နာရီလမ်းလျှောက်ပေးခြင်းက skin tissue ပြင်ဆင်မှုကို တိုးတက်စေပြီး facial appearance ပိုကောင်းလာစေပါတယ်။