တော်တော်များများကတော့ ဆံသားအတွက် Hair Care လောက်ပဲ လုပ်ကြတာပါ။ ဦးရေပြားကို Exfoliate လုပ်တာမျိုးကိုတော့ သိပ်ပြီးလုပ်လေ့မရှိကြပါဘူး။ ဒါပေမယ့် ဦးရေပြားကို Exfoliate လုပ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး ၅ မျိုးရှိပါတယ်။

ဦးရေပြားသန့်ရှင်းစေခြင်း

ခေါင်းလျှော်တာထက်ပိုပြီးတော့ ဦးရေပြားသန့်ရှင်းစင်ကြယ်သွားသလို ခံစားရစေပါတယ်။ အဆီနဲ့အညစ်အကြေးတွေကို သေချာသန့်စင်ပေးပြီး ဦးရေပြားသန့်ရှင်းစေပါတယ်။

မွှေးညှင်းပေါက်များကိုလှုံ့ဆော်ပေးခြင်း

ဦးရေပြားကို Exfoliate လုပ်ပေးတာက မွှေးညှင်းပေါက်များကို လှုံ့ဆော်ပေးတဲ့အတွက် ဆံပင်လည်း အရှည်မြန်စေတယ်၊ ဆံပင်လည်း သန်စေပါတယ်။

ဦးရေပြားယားယံတာသက်သာစေခြင်း

ဦးရေပြားယားယံတယ်ဆိုရင် ဦးရေပြားကို Exfoliate လုပ်ပေးကြည့်ပါ။ ဦးရေပြားယားယံတာတွေ သက်သာသွားစေပါတယ်။ တစ်ပတ်တစ်ကြိမ်ပဲ လုပ်ပေးရုံပါ။

ဗောက်တွေကိုဖယ်ရှားပေးနိုင်ခြင်း

ဦးရေပြားကို Exfoliate လုပ်ပေးတာက ဗောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် ဗောက်တွေလုံးဝရှင်းသွားပါလိမ့်မယ်။

အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း

ဦးရေပြားကို Exfoliate လုပ်ပေးတာက အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးပြီး ဦးရေပြားသွေးလည်ပတ်မှု ကောင်းပါတယ်။ ဒီတော့ ဆံပင်ကျွတ်တာတွေလည်း သက်သာစေတာပေါ့။

ဆံသားပိုကျန်းမာပြီး ဦးရေပြားလည်း သန့်ရှင်းစင်ကြယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်တစ်ခါ ပုံမှန် ဦးရေပြားကို Exfoliate လုပ်ပေးကြည့်ပါ။