Gym သွားလို့မရတဲ့အချိန်တွေမှာဆိုရင် အိမ်မှာပဲ အဆီကျပြီး ဗိုက်ချပ်အောင်လုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အိမ်မှာပဲ စားလိုက်အိပ်လိုက်နဲ့ဆိုရင် ဗိုက်အဆီပိုထွက်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင် ဒီလေ့ကျင့်ခန်းတွေကို နေ့တိုင်း ဒါမှမဟုတ် တစ်ရက်ခြားတစ်ခါ လုပ်ပေးမှသာ ဗိုက်အဆီမထွက်ပဲ ဗိုက်ချပ်လှပနေမှာပါ။ ွဒီလေ့ကျင့်ခန်းတွေက ဗိုက်အဆီကျရုံတင်မဟုတ်ပဲ ခြေထောက်အဆီတွေလည်း ကျစေပါတယ်။ Gym သွားဖို့ အချိန်မရှိတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတဲ့ လေ့ကျင့်ခန်း ၅ မျိုးဖြစ်ပါတယ်။

ထိုင်ခုံမှာ ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်ကို ကွေးလိုက်၊ ဆန့်ထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။ ကွေးတဲ့ခြေထောက်ကလည်း ပထမပုံထဲက အနေအထားလောက်ပဲ ကွေးရမှာပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ လုပ်ပေးပါ။

ထိုင်ခုံပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်း နေပေးပါ။ ခြေထောက်ကိုက မြှောက်လိုက်၊ ပြန်ချလိုက် လုပ်ပေးပါ။ ၁၀ ကြိမ်လုပ်ပေးပါ။ ပထမ ၁၀ ကြိမ်မှာ ခြေထောက်ကို ညာဘက်ကိုထားပြီးလုပ်တာဆိုရင် နောက်တစ်ခေါက်မှာ ခြေထောက်ကို ဘယ်ဘက်ပြောင်းထားပြီး ဒီတိုင်း ၁၀ ကြိမ် ထပ်လုပ်ပေးပါ။ ထိုင်ခုံက ကော်ခုံဆို ရွေ့သွားနိုင်လို့ လေးတဲ့ထိုင်ခုံနဲ့လုပ်ပါ။

ကြမ်းပြင်မှာ ပုံမှာပြထားသလို အနေအထားအတိုင်းနေပြီး ခါးကနေစလို့ မြှောက်တင်ပါ။ ပြီးရင် ပြန်ချပါ။ ဒီအတိုင်းလည်း အကြိမ် ၂၀ ပြည့်အောင်လုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကျော၊ ခြေထောက်၊ လက်က မှန်နေဖို့လိုပါတယ်။ ပုံထဲကအတိုင်းနေလိုက်၊ ကျောပြန်မတ်ပြီး ခြေထောက်ပြန်ချလိုက်၊ ပုံထဲကလို ပြန်လုပ်လိုက်နဲ့ ၁၅ ကြိမ်ပြည့်အောင် လုပ်ပေးပါ။

ပထမပုံထဲအနေအထားအတိုင်းစနေပြီး ဒုတိယပုံထဲကလို လက်ကို ဘယ်ထိုး၊ တတိယပုံထဲကလို ညာထိုးလုပ်ပေးပါ။ ဒီအတိုင်း ၁၅ ကြိမ်လုပ်ပေးရပါမယ်။

Source: www. brightside.me