မိန်းကလေးတိုင်းရဲ့ အလှအပအတွက် နေ့တိုင်း မပျက်မကွက်လုပ်ပေးသင့်တဲ့ အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေက အသက်ကြီးတဲ့အထိ လှပနေစေဖို့ ကူညီပေးမယ့် အရာတွေဖြစ်တာကြောင့် အချိန်ပေးပြီး လုပ်သင့်ပါတယ်။

ရေများများသောက်ပါ

ရေသောက်နည်းရင် အသားအရေမွဲခြောက်ပြီး ညစ်မယ်၊ နှုတ်ခမ်းတွေခြောက်ပါမယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေများများသောက်ပေးတာက အသားအရေလှသလို ကိုယ်ရည်စစ်စေဖို့လည်း ကူညီပေးပါတယ်။

တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ

သွားကို တစ်နေ့တစ်ကြိမ်ပဲ တိုက်တာမျိုး မလုပ်ပါနဲ့။ အကျင့်လုပ်ပြီး တစ်နေ့နှစ်ကြိမ် တိုက်ပေးပါ။ သွားသေချာမတိုက်ရင် သွားတွေဝါညစ်လာမယ်၊ သွားပိုးစားတာ၊ သွားပဲ့တာတွေ ဖြစ်လာပြီး သွားမလှတော့ပါဘူး။ သွားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ပြုံးရယ်လိုက်တဲ့အခါတိုင်းမှာ လှပနေစေဖို့အတွက် သွားကလည်း အရေးပါတဲ့အရာတစ်ခုပါပဲ။

Skincare လုပ်ပါ

တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပြီး Skincare သေချာလိမ်းပေးပါ။ Skincare လုပ်ဖို့မပျင်းပါနဲ့။ အရွယ်တင်နုပျိုပြီး လှပနေစေဖို့ အရေးအကြီးဆုံးက Skincare ပါပဲ။ Body အတွက်ဆိုရင်လည်း နေ့တိုင်း Lotion လိမ်း၊ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် Scrub တိုက်ဖို့ မမေ့ပါနဲ့။

အသီးအရွက်၊ အသီးအနှံစားပါ

ကိုယ့်ရဲ့တစ်နေ့တာမှာ အမြဲတမ်း အသီးအရွက်တစ်ခုခု စားပါ။ ဗိုက်ဆာရင် ဆီကြော်မုန့်တွေမစားပဲ အသီးအနှံတွေကို စားပေးပါ။ အသားအရေလှစေသလို ဝိတ်ကျစေဖို့လည်း ကူညီပေးပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Gym သွားပြီး မလုပ်နိုင်ရင်တောင်မှ အိမ်မှာ Youtube ကြည့်ပြီး လုပ်လို့ရပါတယ်။ နေ့တိုင်း အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာပြီး လှပလာမှာ သေချာပါတယ်။