Overthinking စဖြစ်လာပြီဆိုရင် စိတ်အလိုလိုက်ပြီး ဆက်တွေးနေမယ့်အစား ကြိုးစားပြီးဖျောက်ဖို့လိုပါတယ်။ Overthinking ဖြစ်တာက အကျင့်တစ်ခုလို့ဖြစ်သွားမယ်ဆိုရင် စိတ်ရောလူပါပင်ပန်းရပါတယ်။ ကောင်းကျိုးလည်းမရှိပါဘူး။ အမြဲတမ်း Overthinking ဖြစ်နေမယ်ဆိုရင် ဒီလိုဆိုးကျိုး ၅ ခုကို ရရှိလာဖို့ပဲရှိပါတယ်။

ခေါင်းကိုက်စေခြင်း

Overthinking ဖြစ်လွန်းရင် ချက်ချင်းကြုံတွေ့ရမယ့်အရာကတော့ ခေါင်းကိုက်လာတာပါပဲ။ စဉ်းစားရလွန်းလို့၊ တွေးလွန်းလို့ ခေါင်းတွေထူပူပြီး ခေါင်းကိုက်လာမယ်၊ စိတ်ရှုပ်လာပါမယ်။

ပျော်ရွှင်မှုကိုဖျက်စီးခြင်း

Overthinking ဖြစ်နေရင် ပျော်စရာရှိရင်တောင် အပြည့်အဝမပျော်ရွှင်ရပါဘူး။ ပျော်နေရင်းနဲ့ပဲ စိတ်ကအလိုလိုတွေးမိပြီး မဖြစ်သေးတာတွေကို ကြိုစိတ်ပူနေတာ၊ စိုးရိမ်နေတာမျိုးတွေ ဖြစ်လာပြီး အပျော်တွေပျက်ကုန်တော့တာပါပဲ။ Overthinking ကြောင့်ပဲ ဝမ်းနည်းနေရင်လည်း ပိုဝမ်းနည်းရတယ်။ မကောင်းတဲ့အတွေးတွေ မျိုးစုံဝင်လာပြီး ပိုစိတ်ဆင်းရဲရပါတယ်။

ဆုံးဖြတ်ချက်ချဖို့ခက်ခဲစေခြင်း

အမြဲတမ်း Overthinking ဖြစ်နေတဲ့သူက တစ်ခုခုဆိုရင် အရမ်းကိုတွေးလွန်းလို့ ဆုံးဖြတ်ချက်ကို ချက်ချင်းမချနိုင်ပါဘူး။ အမျိုးမျိုးတွေးနေတာနဲ့ပဲ အချိန်တွေကုန်ပြီး တစ်ယောက်ထဲလည်း ဆုံးဖြတ်ချက်မချနိုင်တော့ဘူး၊ ဒါလုပ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုပြီး အများကြီးလျှောက်တွေးနေတာနဲ့ပဲ ဆုံးဖြတ်ချက်လည်းမချရဲ ဖြစ်နေတတ်ပါတယ်။

အခွင့်အရေးတွေလွတ်သွားခြင်း

တစ်ခုခုဆို အတွေးတွေလွန်ပြီး Overthinking ဖြစ်နေတာနဲ့ပဲ အချိန်တွေလွန်ကုန်လို့ ရသင့်တဲ့အရာတွေ၊ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Overthinking ဖြစ်ရင် ဘယ်အရာမှမကောင်းပါဘူး။

အာရုံစူးစိုက်မှုလျော့နည်းစေခြင်း

တစ်ခုခုဆိုရင် အမြဲတမ်း Overthinking ဖြစ်နေတော့ ကိစ္စတစ်ခုလုပ်ပြီ၊ အလုပ်လုပ်ပြီဆိုရင် သေချာအာရုံမစိုက်နိုင်တော့ပဲ အတွေးတွေပျံ့လွင့်နေပါလိမ့်မယ်။ အာရုံစူးစိုက်မှုလျော့နည်းလာရင် ကိုယ့်အလုပ်တွေပဲ ထိခိုက်ရပါတယ်။