တော်တော်များများက ညဘက်အိပ်ယာဝင်ပြီဆိုရင် တန်းမအိပ်ပဲ အိပ်ယာပေါ်မှာ လှဲပြီးတော့ ဖုန်းသုံးကြတာပါပဲ။ တချို့ကျတော့ မိနစ်ပိုင်းလောက်သုံးပြီး အိပ်လေ့ရှိကြပေမယ့် တချို့ကျတော့လည်း သုံးပြီဆို တော်ရုံနဲ့မအိပ်ကြတော့ပါဘူး။ ညမအိပ်ခင်မှာ ဖုန်းသုံးတာတွေဟာ ဒီလိုဆိုးကျိုး ၅ ခု ဖြစ်လာစေပါတယ်။

မျက်လုံးနာခြင်း

ညအိပ်ခါနီးမှာ ဖုန်းသုံးရင် မီးပိတ်ထားပြီး သုံးကြတာဆိုတော့ ဖုန်းကထွက်တဲ့အလင်းက မျက်လုံးကို ထိခိုက်စေပါတယ်။ နာရီဝက်လောက်ကြာတာနဲ့ မျက်စိတွေစပ်ပြီး နာတာ၊ မျက်ရိုးကိုက်တာ၊ မျက်လုံးအောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ညဘက်ဖုန်းသုံးတဲ့အခါ Screen Brightness ကို လျှော့သုံးပါ။ အကြာကြီးမသုံးပါနဲ့။

အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေခြင်း

ညအိပ်ခါနီးမှာ ဖုန်းသုံးလိုက်ပြီဆိုရင် မျက်စိကြောင်ပြီး တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။ အိပ်မပျော်တော့ဘူးဆိုပြီး ဆက်သုံးလိုက်မယ်ဆိုရင်တော့ ညသန်းခေါင်ကနေ မိုးလင်းခါနီးအထိပါ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အနည်းဆုံး အိပ်ခါနီး တစ်နာရီအလိုကစပြီး ဖုန်းမသုံးတာ ပိုကောင်းပါတယ်။

ဇာတ်ကြောတက်ခြင်း

ညအိပ်ခါနီး ဖုန်းသုံးကြတဲ့သူအများစုက အိပ်ယာထဲမှာလဲှရင်းနဲ့ သုံးကြတာချည်းပါပဲ။ ဒီလိုသုံးတာက ဇာတ်ကြောတက်တာ၊ လည်ပင်းနာတာတွေ ဖြစ်စေပါတယ်။ လက်ကလည်း ဖုန်းကိုကိုင်ထားတာဆိုတော့ အချိန်ကြာလာရင် ပုခုံးတွေပါနာတာမျိုး ဖြစ်လေ့ရှိပါတယ်။ အဓိကကတော့ အနေအထားမမှန်တဲ့ ပုံစံမျိုးနဲ့ အချိန်ကြာကြာ ဖုန်းသုံးလို့ပါပဲ။

လည်ပင်းမှာအရေးအကြောင်းဖြစ်ခြင်း

လဲှပြီးအချိန်ကြာကြာ ဖုန်းသုံးတာတွေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင် တစ်ဖြေးဖြေးချင်းစီ သင့်ရဲ့လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာမှာပါ။ ဈေးကြီးတဲ့ Skincare တွေ ဘယ်လောက်သုံးသုံး ကိုယ့်ရဲ့နေထိုင်မှုပုံစံက မှားနေရင်လည်း မထူးပါဘူး။

မျက်လုံးနားတစ်ဝိုက်အသားအရေပျက်စီးခြင်း

ညအိပ်ခါနီးမှာ ဖုန်းအကြာကြီးသုံးတဲ့အခါ မျက်လုံးနားတစ်ဝိုက်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာတာမျိုး ကြုံတွေ့ရမှာပါ။ ညဘက်တွေမအိပ်ပဲ ဖုန်းသုံးပြီး Screen Time များနေတဲ့သူတွေဆိုရင် မျက်ကွင်းညိုတာတွေလည်း ဖြစ်ပါတယ်။ Eye Cream တွေလည်း သုံးနေရက်နဲ့ မျက်ကွင်းညိုတယ်၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ ဖြစ်နေတယ်ဆိုရင် အိပ်ရေးပျက်တာနဲ့ ဖုန်းသုံးတာများလို့ Screen Time များလို့ပါပဲ။