လက်သည်းဖျက်ဆေးမလိုပဲနဲ့ လက်သည်းနီတွေကို ဖျက်နိုင်မယ့် နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းဖျက်ဆေးဝယ်ဖို့ မေ့နေတဲ့အခါ၊ လက်သည်းဖျက်ဆေး ကုန်သွားတဲ့အခါမှာတော့ ဒီနည်းလမ်းလေးတွေကို ကြားဖြတ်သုံးလို့ရတာပေါ့။

Deodorant Spray

အိမ်မှာ Deodorant Spray ရှိရင် အဲ့တာကို လက်သည်းမှာဖြန်း၊ ပြီးရင် ဂွမ်းမှာဖြန်းပြီး လက်သည်းနီကို ဖျက်ကြည့်ပါ။ သေချာဖိပြီး ပွတ်ဖျက်မယ်ဆိုရင် လက်သည်းနီတွေကို ပြောင်စင်အောင် ဖျက်နိုင်ပါတယ်။

အရက်ပြန်

အိမ်တိုင်းမှာ အရက်ပြန်ရှိမယ်လို့ ထင်ပါတယ်။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ လက်သည်းဖျက်ဆေးတွေမှာလည်း အရက်ပြန်ကပါတာဆိုတော့ အရက်ပြန်နဲ့ဖျက်ရင် လက်သည်းနီတွေ ပြောင်ပါတယ်။ ဒါပေမယ့် လက်သည်းဖျက်ဆေးလိုတော့ အလွယ်တကူနဲ့ မပျက်ပါဘူး။ ဒါကြောင့် အရင်ဆုံး ရေကြက်သီးနွေးထဲမှာ လက်သည်းနစ်အောင် ၅ မိနစ်လောက် စိမ်ထားပါ။ ပြီးမှ အရက်ပြန်နဲ့ ဂွမ်းနဲ့ ဖျက်ပေးပါ။

သံပယိုရည်နဲ့ရှာလကာရည်

အရင်ဆုံး ရေကြက်သီးနွေးထဲမှာ လက်သည်းနစ်အောင် ၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် သံပယိုရည်နဲ့ ရှာလကာရည်ကို ဆတူရောမွှေပြီး ဂွမ်းနှစ်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီနှစ်ထားတဲ့ဂွမ်းကိုယူပြီး လက်သည်းပေါ် ၁၀ စက္ကန့်တင်ထားပါ။ ပြီးမှ ပွတ်ပြီးဖျက်လိုက်ပါ။

လက်သည်းနီ

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်း ၃ မျိုးလုံးလုပ်ဖို့ အဆင်မပြေဘူး၊ ပါဝင်ပစ္စည်းတွေ တစ်ခုမှမရှိဘူးဆိုရင်တော့ အလွယ်ဆုံးနည်းလမ်းက လက်သည်းနီထပ်ဆိုးပြီး ဖျက်တာပါပဲ။ လက်သည်းနီကို လက်သည်းပေါ်ထပ်ဆိုးပြီး ဂွမ်းနဲ့ဖိချပြီး ဖျက်လိုက်ပါ။ အားလုံးပြောင်ဖို့အတွက် နည်းနည်းတော့ခက်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ လုပ်ပေးပါ။ ဆိုးထားတဲ့ လက်သည်းနီတွေအားလုံး ပြောင်သွားပါလိမ့်မယ်။