တချို့မိန်းကလေးတွေက ဓမ္မတာလာချိန်မှာ အရမ်းကို နာကျင်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒီလိုအချိန်မှ ဆေးသောက်မှ သက်သာတဲ့သူတွေလည်းရှိသလို ခဏကြာရင် သူ့အလိုလို သက်သာသွားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ကူညီပေးနိုင်တဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို လုပ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာလည်း နာကျင်ကိုက်ခဲတာတွေက လျော့ကျသွားမှာပါ။

Yoga

ဓမ္မတာလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဗိုက်အောင့်တာ၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေတဲ့ Yoga ကျင့်စဉ်တွေ ရှိပါတယ်။ အဲ့တာတွေကို နေ့တိုင်း ပုံမှန်လုပ်ပေးရင် ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာတွေ သက်သာစေပါတယ်။ နေ့တိုင်းမလုပ်နိုင်ရင် ကိုယ့်ရက်မရောက်ခင် နှစ်ပတ်အလို၊ တစ်ပတ်အလိုလောက်မှာ လုပ်ပေးပါ။

ရေနွေးအိတ်ကပ်ပါ

အရမ်းကိုက်ပြီးနာနေရင် ငြိမ်ငြိမ်လေးလှဲနေပြီး ရေနွေးအိတ်ကပ်ထားပါ။ ဗိုက်အောင့်တာ၊ နာကျင်ကိုက်ခဲတာတွေ သက်သာစေပါတယ်။

Herbal Tea သောက်ပါ

ဓမ္မတာလာချိန်မှာ ကော်ဖီမသောက်ပဲနဲ့ Herbal Tea ပူပူလေးသောက်ပေးရင် ဗိုက်အောင့်ပြီး နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ နေ့တိုင်းသောက်လည်းရပါတယ်။ ဓမ္မတာအတွက်ဆိုရင် Herbal Tea တွေထဲမှာ Chamomile Tea နဲ့ Peppermint Tea ကတော့ ပိုကောင်းပါတယ်။

အစားအသောက်ဆင်ခြင်ပါ

ဓမ္မတာလာချိန်မှာ အမြဲလိုလို နာကျင်ကိုက်ခဲတတ်တယ်ဆိုရင် အစားအသောက်ကို ဆင်ခြင်ဖို့ လိုပါတယ်။ ချုပ်စေမယ့် အစားအသောက်တွေ၊ အဆီများတာတွေ၊ ကဖင်းဓာတ်တွေနဲ့ Alcohol ကို ရှောင်ပေးရပါမယ်။ အသီးအရွက်နဲ့ သံဓာတ်ဖြစ်စေတဲ့ အစားအသောက်တွေ စားသောက်ပေးပါ။ အပေါ်မှာပြောခဲ့သလို Herbal Tea လည်း သောက်ပေးပါ။