တချို့ဆိုရင် တစ်နေကုန်အကောင်း ညအိပ်ချိန်ရောက်မှ အတွေးတွေလွန် Overthinking ဖြစ်ပြီး အိပ်မပျော်ကြတာမျိုး ရှိပါတယ်။ ဒါက ကိုယ့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ရောကိုယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ချိန်ရောက်မှ Overthinking ဖြစ်ပြီး အိပ်မပျော်ဘူးဆိုတဲ့သူတွေ လုပ်သင့်တဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။
စောစောအိပ်ယာဝင်ဖို့ဖုန်းမသုံးပါနဲ့
ဖုန်းသုံးနေရင် တော်ရုံနဲ့အိပ်ကြတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ၁၀ နာရီဝန်းကျင်မှာ အိပ်နိုင်အောင် ကြိုးစားပါ။ အိပ်ခါနီး ၂ နာရီအလိုထဲက ဖုန်းမသုံးပါနဲ့တော့။ ဖုန်းသုံးပြီးတော့ အထူးသဖြင့် Social Media က သင့်အတွက် စိတ်အနှောင့်အယှက် ပိုဖြစ်စေပါလိမ့်မယ်။ အကျင့်လုပ်ပေးသွားရင် နောက်ဆို စောစောအိပ်ဖြစ်ပြီး Overthinking ဖြစ်တာတွေလည်း လျော့ကျသွားပါလိမ့်မယ်။
စာဖတ်ပါ
အပေါ်မှာပြောခဲ့သလို အိပ်ခါနီး ၂ နာရီလောက်အလိုမှာ ဖုန်းမသုံးတော့ပဲ စာဖတ်ပေးလို့ရပါတယ်။ စာဖတ်ပေးခြင်းက မျက်စိညောင်းပြီး အိပ်ချင်လာပါတယ်။ အိပ်ချင်လာလို့ အိပ်လိုက်တာဆိုရင် မြန်မြန်အိပ်ပျော်ပြီး တခြားအရာတွေတောင် တွေးဖြစ်တော့မှာ မဟုတ်ပါဘူး။
တရားထိုင်ပါ
အိပ်ခါနီး တရားထိုင်ပေးတာကို အနည်းဆုံး ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် နေ့တိုင်းလုပ်ပေးရင်လည်း စိတ်ဖိစီးမှုနဲ့ Stress တွေလျော့ကျလာမယ်၊ Overthinking ဖြစ်တာတွေလည်း လျော့ကျလာပါမယ်။ မြန်မြန်အိပ်ပျော်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
Lavender Essential Oil
Lavender Essential Oil ကို ကိုယ့်အခန်းထဲမှာ အနံ့ရအောင်လုပ်တာ၊ Lavender Candle ထွန်းအိပ်တာမျိုးကလည်း Stress တွေလျော့ကျစေပြီး အမြန်ဆုံးအိပ်ပျော်အောင် ကူညီပေးပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။