တော်တော်များများက အိပ်ယာထဲရောက်ပြီဆိုတာနဲ့ တန်းမအိပ်ပဲ ဖုန်းသုံးကြတာပါ။ ဒီလို အိပ်ခါနီးမှာ ဖုန်းသုံးတာက လုံးဝမကောင်းပါဘူး။ အိပ်ခါနီးအိပ်ယာထဲမှာ အမြဲတမ်း ဖုန်းသုံးနေခြင်းကြောင့် သင့်ဆီမှာ ဒီအရာ ၄ ခု ဖြစ်လာပါလိမ့်မယ်။

မျက်လုံးကိုက်ခြင်း

အိပ်ခါနီး အိပ်ယာထဲ မီးအမှောင်ချပြီး ဖုန်းသုံးနေတာက တစ်နာရီလောက်ဆိုရင် သိသာပါတယ်။ မျက်လုံးညောင်းပြီး မျက်စိစပ်တာ၊ မျက်ရိုးကိုက်တာ၊ မျက်လုံးကိုက်တာတွေ ဖြစ်လာပါတယ်။ ကြာလာရင် မျက်လုံးအားနည်းတာ၊ မျက်လုံးထိခိုက်တာတွေ ဖြစ်လာပါလိမ့်မယ်။

အိပ်စက်မှုကိုအနှောင့်အယှက်ပေးခြင်း

အိပ်ခါနီး အိပ်ယာထဲရောက်မှ ဖုန်းသုံးခြင်းက မျက်စိကြောင်ပြီး အိပ်မရဖြစ်စေပါတယ်။ ကိုယ်က အိပ်ချင်လာလို့ ဖုန်းချပြီး အိပ်လိုက်ရင်တောင်မှ အိပ်မပျော်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီး ၁ နာရီအလိုထဲက ဖုန်းမသုံးပါနဲ့တော့လို့ ပြောကြတာပါ။ အိပ်ခါနီးဖုန်းသုံးခြင်းက အိပ်စက်မှုကို အနှောင့်အယှက်ပေးတဲ့ အရာတစ်ခုပါပဲ။

ဇာတ်ကြောတက်ခြင်း၊ လည်ပင်းနာခြင်း

အိပ်ယာထဲမှာ အိပ်ခါနီးဖုန်းသုံးရင် လူတိုင်းကလှဲပြီးပဲသုံးကြတာပါ။ ဒီလိုသုံးတာက ကြာလာတာနဲ့အမျှ ဇာတ်ကြောတက်တာ၊ ဇာတ်နာတာ၊ လည်ပင်းနာတာတွေ ဖြစ်လာပါတယ်။ ဖုန်းသုံးတာ အရမ်းကြာလာရင် ခေါင်းမူးပြီး အန်ချင်တာမျိုးတွေအထိ ဖြစ်လာတတ်ပါတယ်။

အရေးအကြောင်းနဲ့အိုမင်းရင့်ရော်ခြင်းတွေဖြစ်လာခြင်း

အိပ်ခါနီး အိပ်ယာထဲလှဲပြီး ဖုန်းသုံးတာက လည်ပင်းမှာ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ အိပ်ခါနီး ဖုန်းသုံးတာတွေများပြီး အိပ်ရေးပျက်တာတွေ များလာရင်၊ screen time တွေ အရမ်းများလာရင် မျက်နှာနဲ့ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာပြီး အိုမင်းရင့်ရော်ခြင်းတွေ အမြန်ဖြစ်လာစေပါတယ်။

ဒါကြောင့် အိပ်ခါနီးဖုန်းသုံးတာ၊ screen time အရမ်းများတာတွေက ကျန်းမာရေးကို ထိခိုက်စေရုံတင်မဟုတ်ပဲ အလှအပရေးရာကိုပါ ထိခိုက်စေပါတယ်။