လက်သည်းက ခဏလေးနဲ့ ကျိုးပဲ့ကုန်တယ်၊ လက်သည်းအရှည်ထားလို့ကို မရဘူး၊ လက်သည်းကလည်း အရှည်နှေးတယ်ဆိုတဲ့ သူတွေအတွက် လက်သည်းတွေမသန်ပဲ အရှည်နှေးရခြင်းရဲ့ အဓိကအကြောင်းအရင်း ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တာက လက်သည်းအလှပျက်သလို၊ လက်သည်းအရှည်လည်း အရမ်းနှေးပြီး လက်သည်းမသန်တော့ပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းသလို အလှအပလည်း ထိခိုက်တဲ့အတွက် လက်သည်းကိုက်တဲ့အကျင့်ရှိရင် ပြင်ကိုပြင်သင့်ပါတယ်။

Base Coat မဆိုးခြင်း

လက်သည်းနီဆိုးတိုင်းမှာ Base Coat မဆိုးပဲ ကိုယ်ဆိုးချင်တဲ့လက်သည်းနီကို တန်းဆိုးတာမျိုးက လက်သည်းပျက်စီးစေပါတယ်။ လက်သည်းဝါညစ်ပြီး လက်သည်းပျော့လာတာ၊ ကျိုးပဲ့လွယ်တာတွေ ဖြစ်လာပါတယ်။ ဒီတော့ လက်သည်းက တော်ရုံမသန်တော့ပဲ အရှည်နှေးလာတာပေါ့။

လက်သည်းခြစ်ခြင်း

တချို့ဆိုရင် လက်သည်းနီဆိုးထားတာကို လက်သည်းဖျက်ဆေးနဲ့မဖျက်ပဲ အလွယ်တကူ ဓားနဲ့ လက်သည်းကို ခြစ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လက်သည်းကိုခြစ်တာမျိုးက လက်သည်းအပေါ်အလွှာလေး ပျက်စီးပြီးတော့ လက်သည်းအားနည်းလာတယ်၊ ကျိုးပဲ့လွယ်တာပါတယ်။ ခဏခဏလုပ်ရင် လက်သည်းလည်း သန်စွမ်းတော့မှာ မဟုတ်ပါဘူး။

လက်သည်းကို Gel နဲ့ Acrylics တွေ ခဏခဏဆိုးခြင်း

လက်သည်းကို Salon မှာသွားပြီးတော့ Gel နဲ့ Acrylics တွေ ခဏခဏဆိုးတာမျိုးက လက်သည်းပျက်စီးစေပါတယ်။ လက်သည်းပျော့ပြီး အားနည်းလာစေတယ်၊ လက်သည်းမသန်စွမ်းတော့ပဲ ကျိုးပဲ့လွယ်တာ၊ အရှည်နှေးတာ၊ လက်သည်းခွံပါးတာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဆိုးမယ်ဆိုရင်လည်း တစ်လ တစ်ခါ၊ ၂ လ တစ်ခါလောက်ပဲ ဆိုးတာမျိုး လုပ်သင့်ပါတယ်။