တော်တော်များများက ရေချိုးပြီးရင် ခန္ဓာကိုယ်ကို towel နဲ့သုတ်သလိုပဲ မျက်နှာကိုလည်း towel နဲ့ပဲ ပွတ်ပြီးသုတ်တတ်ကြပါတယ်။ အသားအရေကို အရမ်းဂရုစိုက်တဲ့သူမှသာ မျက်နှာကို towel နဲ့မသုတ်ပဲ တစ်ရှူးနဲ့သုတ်တာမျိုး၊ ဒီတိုင်းအခြောက်ခံတာမျိုး လုပ်ကြတာပါ။ ဘာကြောင့် towel နဲ့ မျက်နှာမသုတ်သင့်တာလဲဆိုတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ….

ဝက်ခြံထွက်စေခြင်း

Towel က ဒီတိုင်းချိတ်ထားတာမျိုးဖြစ်လို့ မမြင်နိုင်တဲ့ပိုးမွှားတွေ၊ ဘတ်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေက ကပ်နေတတ်ပါတယ်။ ရေသုတ်ပြီး ရေစိုထိုင်းနေတဲ့အတိုင်း ချိတ်ထားရင် ပိုဆိုးပါတယ်။ အဲ့ဒါနဲ့ပြန်ပြီး မျက်နှာကိုသုတ်တဲ့အခါမှာတော့ towel မှာကပ်နေတဲ့ အညစ်အကြေးတွေက မျက်နှာကိုလာကပ်ပြီး ဝက်ခြံထွက်တာမျိုး ဖြစ်လာပါတယ်။ အသားအရေက sensitive ဖြစ်တဲ့သူတွေဆိုရင် ဒါမျိုးခဏခဏဖြစ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

အိုမင်းရင့်ရော်ခြင်းတွေဖြစ်လာခြင်း

Towel နဲ့ မျက်နှာသုတ်နဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပွတ်ပြီးသုတ်မယ်ဆိုရင်တော့ ကြာလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ၊ အသားအရေတွန့်တာတွေ ဖြစ်လာပြီး အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ Towel နဲ့ ဖွဖွလေးပုပ်ပြီး သုတ်မယ်ဆိုရင်တော့ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး။

အရေပြားနီမြန်းယားယံခြင်း

အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်သုံးတဲ့ towel က မသန့်ရှင်းတဲ့အခါ၊ အညစ်အကြေးတွေ ကပ်နေတဲ့အခါမှာ မျက်နှာက ခန္ဓာကိုယ်ထက် ပိုနုတဲ့အတွက် အခန့်မသင့်ရင် အရေပြားနီမြန်းတာ၊ ယားယံတာမျိုးတွေ၊ အလက်ဂျစ်လိုအဖုသေးသေးလေးတွေ အများကြီးထွက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဆီပြန်လာခြင်း

Towel နဲ့ မျက်နှာကို ခဏခဏပွတ်သုတ်ရင် ကြာလာတဲ့အခါမှာ skin အတွက်လိုအပ်တဲ့ natural oils တွေပါသွားပြီး ချွေးပေါက်ကျယ်တာမျိုး၊ အဆီပိုပြန်လာတာမျိုးတွေ ဖြစ်လာပါတယ်။ အရမ်း sensitive ဖြစ်တဲ့သူတွေဆိုရင် အဆီဖုထတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်နှာကို towel နဲ့မသုတ်တာက မျက်နှာအသားအရေအတွက် ပိုကောင်းပါတယ်။