ခံတွင်းအနံ့နံရတဲ့အကြောင်းအရင်း ၄ မျိုးနဲ့ ခံတွင်းအနံ့နံတာ ပျောက်စေမယ့် နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဘာကြောင့်ခံတွင်းအနံနံလဲဆိုတာကို သိရမှ ဆင်ခြင်လို့ရမှာပါ။ နည်းလမ်းသိမှလည်း ပျောက်အောင်လုပ်လို့ရမှာပါ။

ခံတွင်းအနံ့နံရတဲ့အကြောင်းအရင်း ၄ မျိုး

အစပ်နဲ့အနံ့ပြင်းတဲ့အစားအစာတွေကိုစားခြင်း

အစပ်နဲ့အနံ့ပြင်းတဲ့ အစားအစာတွေ ဥပမာ ကြက်သွန်ဖြူ၊ ဒညင်းသီး စတာတွေကို များများစားရင် ခံတွင်းအနံ့နံပါတယ်။

ပုံမှန်သွားမတိုက်ခြင်း

တစ်ခါတစ်လေ ခရီးသွားတဲ့အခါတွေမှာ သွားမတိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ သွားကို တစ်နေ့ ၂ ကြိမ် တိုက်ပေးသင့်တာပါ။ သွားပုံမှန်မတိုက်ရင် ခံတွင်းအနံ့နံတာမျိုး ဖြစ်ပါတယ်။

Health problems

Health problems ကြောင့်လည်း ခံတွင်းအနံ့နံတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဥပမာ ခံတွင်းခြောက်ခြင်း၊ အပူဖုတွေပေါက်ခြင်း စတဲ့တခြားအခြေအနေတွေကြောင့် infections တွေကြောင့်လည်း ခံတွင်းအနံ့နံတာမျိုး ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း

အပူအပုပ်များပြီး ဝမ်းချုပ်ရင်လည်း ခံတွင်းအနံနံပါတယ်။

ခံတွင်းအနံ့နံတာပျောက်စေမယ့် နည်းလမ်း ၄ မျိုး

ခံတွင်းသန့်စင်ပါ

ခံတွင်းသန့်စင်ပါဆိုတာကတော့ အစာစားပြီးတိုင်း အာလုပ်ကျင်းတာမျိုး၊ အသားတွေစားပြီးရင် floss လေးနဲ့ သွားကြားတွေကို သန့်ရှင်းပေးတာမျိုး၊ လျှာခြစ်ပေးတာမျိုးတွေ နေ့တိုင်းလုပ်ပေးဖို့ပါပဲ။

ပီကေဝါးပါ

အသားတွေ၊ အစားအသောက်တွေ များများစားပြီးရင် ခံတွင်းရှင်းပြီး ခံတွင်းအနံ့မနံအောင် ပီကေဝါးပေးပါ။

ရေများများသောက်ပါ

ခံတွင်းခြောက်ရင် အနံ့နံတတ်တာကြောင့် ရေများများသောက်ပေးပါ။ ရေများများသောက်တော့ အပူအပုပ်လည်း ကင်းစေပါတယ်။

စားသောက်ပေးရမယ့်အရာ

Planin yogurt ကို တစ်နေ့တစ်ကြိမ် စားပေးတာ၊ orange juice သောက်ပေးတာ၊ green tea သောက်ပေးတာတွေကလည်း ခံတွင်းအနံ့နံတာကို သက်သာပျောက်ကင်းစေပါတယ်။