သင့်ကို ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ အရာဟာ သင့်ရဲ့ နေ့စဉ်အလုပ်ချိန်ဇယားထဲမှာ ရှိပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အကောင်းဘက်ရောက်အောင် အမြဲပဲ တွန်းပို့နေရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချမ်းသာချင်ရင် ရှိသင့်တဲ့ အကျင့်တစ်ချို့အကြောင်း ပြောသွားမှာပါ။

(၁) ကိုယ့်အတိုင်းအတာနဲ့ ကိုယ် နေထိုင်သုံးစွဲပါ

Photo : Twenty20

ခြွေတာရေးအလေ့အကျင့်ဟာ ငွေကြေးအခက်အခဲကနေ လွတ်မြောက်ဖို့ အမြဲပဲ အထောက်အကူဖြစ်ပါတယ်။ ငွေကြောင့် ဘယ်သူ့ဆီမှ မျက်နှာ အောက်ကျမခံချင်ရင် ကိုယ့်အသုံးစရိတ်ကို အမြဲ စိစစ်ပါ။ငွေစုပါ။ နေရေးအတွက် ကိုယ့်လစာရဲ့ ၂၅% ထက် ပိုမသုံးဖို့ လိုပါတယ်။ အစားအသောက် အတွက် အများဆုံး ၁၅% ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးဖို့ လူမှုရေးကိစ္စအတွက် သုံးဖို့ ၁၀% ထက် မပိုဖို့ စသည်ဖြင့် စည်းကမ်းထားသင့်ပါတယ်။

(၂) လောင်းကစားမလုပ်ပါနဲ့

Photo : Superior Bag

အပျော်အပါးလိုက်စားတာ ၊ လောင်းကစားလုပ်တာ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနည်းခြင်းဟာ ဆင်းရဲလမ်းကို လိုက်နေတာ ဖြစ်ပါတယ်။ ပိုက်ဆံအတော်ရှိတဲ့ သူတွေတောင် ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် မကြာခင် ဒုက္ခရောက်သွားနိုင်ပါတယ်။

(၃) ရင်းနှီးမြှပ်နှံမှု လုပ်ပါ

Photo : Forbes

ဝန်ထမ်းဘဝနဲ့ လစာကိုပဲ မှီခိုမနေဘဲ စီးပွားရေးလုပ်ငန်းလေးတွေမှာ ခြေချဖို့ ကြိုးစားပါ။ ကိုယ့်ဝင်ငွေထဲက တစ်လ ၁၀% နှုန်းကို လုပ်ငန်းလုပ်ဖို့ စုဆောင်းထားသင့်ပါတယ်။ သေချာတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံတာ ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေ ထူထောင်ဖို့ ဖြစ်စေ ဒီငွေကို ပြန်သုံးနိုင်ပါတယ်။

(၄) မိတ်ဆွေကောင်းတွေ ပေါင်းပါ

Photo : Medium

ငွေမရှာခင် ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေ အရင်ရှိထားတာ ပိုကောင်းပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ဟာ သင့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ်။ စစ်မှန်ကောင်းမွန်ပြီး အကျိုးလိုလားတဲ့ မိတ်ဆွေတွေကြောင့်ပဲ အခက်အခဲတွေ အလွယ်တကူ ကျော်လွှားနိုင်သလို ဘဝကိုလည်း တိုးတက်ကြီးပွားစေနိုင်လို့ဖြစ်ပါတယ်။