(Zawgyi Version)

ဝိတ္ခ်ဖို႔အတြက္ ေထြေထြထူးထူးသိပ္မလုပ္ခ်င္တဲ့သူေတြနဲ႔ အစာအငတ္ခံၿပီး ဝိတ္မခ်ခ်င္တဲ့သူေတြအတြက္ ညမအိပ္ခင္မွာ လုပ္ေပးသင့္တဲ့အရာေတြကို မွ်ေဝေပးလိုက္ပါ။ ဒီအရာေတြကိုလုပ္ေပးရင္လည္း ဝိတ္က်ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

စပ်စ္သီးေဖ်ာ္ရည္

ညမအိပ္ခင္မွာ စပ်စ္သီးေဖ်ာ္ရည္ တစ္ခြက္ေသာက္ၿပီးအိပ္တာက ဝိတ္က်ဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

အခ်ိန္မွန္ပါ

အိပ္ခ်ိန္နဲ႔ ထတဲ့အခ်ိန္ကို မွန္မွန္လုပ္ပါ။ သတ္မွတ္ထားပါ။ အိပ္စက္ခ်ိန္မမွန္ရင္ ဝိတ္ပိုတက္ေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔ ၈ နာရီျပည့္ေအာင္အိပ္ပါ။

ေရကူးပါ

မအိပ္ခင္မွာ ေရကူးတာက ကယ္လိုရီေတြေလာင္ကၽြမ္းၿပီး ဝိတ္လည္းက်ေစပါတယ္။ ဒါ့အျပင္ အိပ္တဲ့အခါမွာလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။

Herbal Tea

မအိပ္ခင္မွာ Herbal Tea တစ္ခြက္ေသာက္ၿပီးအိပ္တာကလည္း ဝိတ္က်ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ေကာင္းစြာလည္း အိပ္ေပ်ာ္ေစပါတယ္။ စပ်စ္ေဖ်ာ္ရည္ နဲ႔ Herbal Tea ကိုယ္ႀကိဳက္တာေရြးေသာက္လို႔ ရတာေပါ့။

Photo Source: www. brightside.me

(Unicode Version)

ဝိတ်ချဖို့အတွက် ထွေထွေထူးထူးသိပ်မလုပ်ချင်တဲ့သူတွေနဲ့ အစာအငတ်ခံပြီး ဝိတ်မချချင်တဲ့သူတွေအတွက် ညမအိပ်ခင်မှာ လုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါ။ ဒီအရာတွေကိုလုပ်ပေးရင်လည်း ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

စပျစ်သီးဖျော်ရည်

ညမအိပ်ခင်မှာ စပျစ်သီးဖျော်ရည် တစ်ခွက်သောက်ပြီးအိပ်တာက ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

အချိန်မှန်ပါ

အိပ်ချိန်နဲ့ ထတဲ့အချိန်ကို မှန်မှန်လုပ်ပါ။ သတ်မှတ်ထားပါ။ အိပ်စက်ချိန်မမှန်ရင် ဝိတ်ပိုတက်စေပါတယ်။ ဒါကြောင့် တစ်နေ့ ၈ နာရီပြည့်အောင်အိပ်ပါ။

ရေကူးပါ

မအိပ်ခင်မှာ ရေကူးတာက ကယ်လိုရီတွေလောင်ကျွမ်းပြီး ဝိတ်လည်းကျစေပါတယ်။ ဒါ့အပြင် အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Herbal Tea

မအိပ်ခင်မှာ Herbal Tea တစ်ခွက်သောက်ပြီးအိပ်တာကလည်း ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကောင်းစွာလည်း အိပ်ပျော်စေပါတယ်။ စပျစ်ဖျော်ရည် နဲ့ Herbal Tea ကိုယ်ကြိုက်တာရွေးသောက်လို့ ရတာပေါ့။

Photo Source: www. brightside.me