လက်သည်းနီဆိုးတဲ့အခါ ကိုယ်တိုင်ဆိုးရင် လက်သည်းဘေး ပတ်ပတ်လည်မှာ ပေကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီကို လက်သည်းနဲ့ပြန်ဆွဲခွာဖို့ကလည်း အဆင်မပြေပါဘူး။ ဒါကြောင့် ပေသွားတဲ့ လက်သည်းနီတွေကို သပ်သပ်ရပ်ရပ်နဲ့ ပြောင်သွားအောင် ဖျက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ၃ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတဲ့ နည်းလမ်းကို ရွေးလုပ်လိုက်ရုံပဲနော်။

Brush နဲ့ဖျက်ခြင်း

Eyeshadow Brush (သို့) Nail Brush ကို သန့်စင်အောင်လုပ်ပါ။ ပြီးရင် လက်သည်းဖျက်ဆေးသုတ်ပြီး ပေနေတဲ့ လက်သည်းဘေးက လက်သည်းနီတွေကို ဖျက်လိုက်ရုံပါပဲ။ Brush က အပြားအသေးလေး ဖြစ်နေဖို့ လိုပါတယ်။ ဒါမှ သပ်သပ်ရပ်ရပ်နဲ့ ဖျက်လို့ရမှာပါ။ လက်သည်းပေါ်က လက်သည်းနီတွေလည်း မပျက်ကုန်မှာပါ။

ပြီးရင်တော့ Top Coat ဆိုးလိုက်ပါ။

ရေနွေးနဲ့ဖျက်ခြင်း

Brush မရှိဘူးဆိုရင် ရေနွေးနဲ့ဖျက်လို့ရပါတယ်။ လက်သည်းနီဆိုးထားတာကို အရင်ခြောက်အောင်ထားပါ။ ပန်းကန်လုံးထဲကို ရေနွေးထည့်ပြီး Baby Soap or Shower Gel နည်းနည်းထည့်ပါ။ ပြီးရင် အဲထဲကို လက်ထည့်စိမ်ထားပါ။ ၃ မိနစ်လောက်စိမ်ပြီးရင်တော့ လက်သည်းဘေးမှာ ပေနေတဲ့ လက်သည်းနီတွေကို အလွယ်တကူဖယ်ရှားလို့ရပါပြီ။

အားလုံးလုပ်ပြီးမှ လက်ပြန်ဆေးပြီး Top Coat ထပ်ဆိုးပါ။

Elmer’s Glue သုံးပါ

အပေါ်ကနည်းလမ်း ၂ ခုကို မလုပ်ချင်ရင် လက်သည်းနီမဆိုးခင်မှာ လက်သည်းဘေးပတ်ပတ်လည်ကို Elmer’s Glue သုတ်လိုက်ပါ။ ပြီးမှ လက်သည်းနီဆိုးပါ။ ဆိုးပြီးရင် Glue ခြောက်သွားရင် Glue ကို ဆွဲခွာလိုက်ရုံပဲနော်။ ဒါဆိုရင် လက်သည်းနီတွေလည်း မပေတော့တဲ့အတွက် တကူးတက ပြန်ဖျက်နေစရာ မလိုတော့ဘူးပေါ့။

ပြီးမှ နောက်ဆုံး Top Coat ဆိုးလိုက်ပါ။