ဘာကြောင့် ကိုယ်လုပ်တဲ့ ကိစ္စတစ်ခု မအောင်မြင်ရသလဲ စဉ်းစားပြီး မေးခွန်းထုတ်ကြဖူးပါမှာ။ သင့်အဖြေဟာ ဘာလဲတော့ ကျွန်တော်မသိပါဘူး။ အခုပြောမယ့် အကြောင်းပြချက် ၃ မျိုးနဲ့ ငြိနေသလားတော့ ချိန်ဆကြည့်သင့်ပါတယ်။

(၁) ဆင်ခြေတွေ ပေးနေမိလို့

Sad woman sitting on armchair

Photo: Freepik

ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ရှုံးရပါတယ် လက်ညှိုးတွေ ထိုးရတာ အကျင့်ပါနေရင် အောင်မြင်ဖို့ ခက်ပြီး ရှုံးနိမ့်ဖို့ လွယ်ပါတယ်. အောင်မြင်ချင်ရင် ဆင်ခြေတွေ ချန်ခဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူလိုက်ပါ။ ကိုယ့်လုပ်ရပ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို ကိုယ်တိုင်တာဝန်ယူတဲ့ စိတ်နဲ့ ရှေ့ဆက်မယ်ဆိုရင် မအောင်မြင်တောင် အောင်မြင်စေမယ့် လမ်းကြောင်းပေါ် လျှောက်လာနိုင်မှာပါ။

(၂) ယုံကြည်မှု နည်းနေလို့

Depressed and sadness woman crying alone at home

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းဟာ တောက်ပြောင်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် အရေးကြီးလှတဲ့ အခြေခံ အုတ်မြစ်ပါပဲ။ ယုံကြည်မှုနည်းတဲ့သူဟာ တွန့်ဆုတ်မှု များပါတယ်။ တွန့်ဆုတ်မှု များတာကြောင့် အထက်တက်နိုင်မယ့် အညွန့်တလူလူ စိတ်ဓါတ်တွေ ယိုင်နဲ့ပြိုလဲလွယ်နိုင်ပါတယ်။

(၃) လွယ်လွယ်လေး အလျှော့ပေးမိလို့

Busy businesswoman working at home office

Photo: Freepik

နည်းနည်းလေး ခက်လိုက်တာနဲ့ လက်လျှော့တတ်သူဆိုရင် ရှုံးနိမ့်ဖို့ အခြေအနေပိုများပါတယ်။ နေ့တိုင်းပဲ ကျွန်တော်တို့ လောကကြီးမှာ မဖြစ်နိုင်တာကို လုပ်နေတဲ့ လူတွေ ရှိပါတယ်။ တစ်ခါတစ်လေမှာ ကျားကုတ်ကျားခဲနဲ့ ကိုယ့်ခရီးကို စိတ်စွဲသန်သန် တစ်စိုက်မတ်မတ် လျှောက်လှမ်းသူတွေကို ခေါင်းမာလိုက်တာလို့ မြင်မိကြပါလိမ့်မယ်။

ဒါပေမယ့် ဒီလို အလျှော့မပေးသူတွေပဲ အောင်မြင်တတ်ကြတာကိုလည်း မြင်ကြမှာပါ။ အောင်မြင်မှုဆီ မရောက်နိုင်တဲ့ အကြောင်းတရားတစ်ခုဟာ အရှုံးပေးတာ သိပ်မြန်လွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်ချင်ရင် အလျှော့ပေးချင်တဲ့ စိတ်ကို အရင် အနိုင်ယူသင့်ပါတယ်။