သင်က ကိုးရီးယားမှာ အလုပ်လုပ်ချင်တာ ဒါမှမဟုတ် ပညာသင်ချင်တာ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ Idol တွေနဲ့တွေ့ဖို့ ရည်မှန်းထားတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကင်ချီမြေလို့ သိကြတဲ့ ကိုးရီးယားကို သွားလည်ဖို့၊ အခြေချဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ဒီအကြောင်းအရာကို ဖတ်သင့်ပါတယ်။ သင်က အစစအရာရာ နဂိုအခြေအနေအတိုင်း ပြန်ဖြစ်ပြီးနောက်မှာ ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေ အများကြီး ရှိနေမှာပါ။ ဒီထဲ ကိုးရီးယားနိုင်ငံကို သွားတာလည်း ပါဝင်နိုင်ပါတယ်။ ဒီတော့ ဗဟုသုတအနေနဲ့ ဖတ်နိုင်ဖို့ ကိုးရီးယား-အမေရိကန် Vlogger တစ်ဦးဖြစ်တဲ့Simply SSOL မျှဝေထားတဲ့ အချက်တွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

၁။ သွားလာရေး

ကိုးရီးယားမှာ လမ်းကြောင်းအမျိုးမျိုး နဲ့ ကိုယ်ရည်မှန်းတဲ့ နေရာကို ရောက်နိုင်ပေမယ့် ရုံးချိန်တွေမှာတော့ လူရှုပ်ပြီး တိုးမရဖြစ်တတ်ပါတယ်။

၂။ နေထိုင်ရေး

ကိုးရီးယားရဲ့ တိုက်ခန်းတွေက ဈေးကြီးပြီး နေရဖို့ တော်တော် ကြိုးစားရမှာပါ။

၃။ သန့်စင်ခန်း

သန့်စင်ခန်းတွေက သင်ကိုးရီးယားဇာတ်လမ်းတွေထဲ မြင်ရသလို သန့်ရှင်းလွန်းနေတာမျိုး မဟုတ်တဲ့အပြင် အိမ်သာသုံးတစ်ရှူးကို အမြဲဆောင်ထားဖို့ လိုတယ်လို့ Simply SSOL က ဆိုထားပါတယ်။

၄။ ပလတ်စတစ်ဆာဂျရီ

ပလတ်စတစ်ဆာဂျရီနဲ့ ပတ်သက်ရင်တော့ Gangnam ကို ရောက်တာနဲ့ အမျိုးသမီးတွေရဲ့ Before and After Plastic Surgery ကြော်ငြာပုံရိပ် တွေကို မျက်စိတစ်ဆုံး မြင်တွေ့ရပါလိမ့်မယ်။

၅။ ညဘက်

သင်က ဆိုးလ်မြို့မှာ နေမယ်ဆိုရင်တော့ ဒါကို သိထားသင့်တယ်လို့ သူမက ဆိုထားပါတယ်။ ဆိုးလ်မြို့ခံတွေက ညဘက်မအိပ်တဲ့သူ များပါတယ်တဲ့။ ပိတ်ရက်ပဲဖြစ်ဖြစ် ဖွင့်ရက်ပဲဖြစ်ဖြစ် ညဈေးတွေနဲ့ အမြဲစည်ကားနေတတ်တာမို့ သင်က ညအအိပ်မက်သူဆိုရင် လူစည်ကားတဲ့နေရာနားမှာ မနေသင့်ဘူးလို့ ဆိုထားပါတယ်။

၆။ အမှိုက်ပုံး

အများသုံး အမှိုက်ပုံးမရှိတာကြောင့် သင်က တွေ့ရာ နေရာမှာ အမှိုက်ပစ်လို့ မရပါဘူးတဲ့။

၇။ Recycle

ကိုးရီးယားတွေက ပစ္စည်းအားလုံး နီးပါးကို Recyle ပြန်သုံးတတ်တယ်လို့ သိရပါတယ်။

၈။ နှုတ်ဆက်တာ

သင်က မြင်မြင်သမျှ သူတွေကို ကိုးရီးယားလို မင်္ဂလာပါတွေ၊ Hi တွေနဲ့ သွားနှုတ်ဆက်မိရင် ကိုယ့်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်သွားလိမ့်မယ်လို့ Vlogger SSL က ဝေမျှထားပါတယ်။

၉။ အဝတ်အစား ဆိုဒ်အကြီးတွေ

H&M , Forever 21 စတဲ့ဆိုင်တွေကို သွားဝယ်မှ သင်နဲ့ ကြီးလွန်းတာမျိုး မဟုတ်တဲ့ အဝတ်အစားကွက်တိတွေနဲ့ ဆုံတွေ့မှာပါ။

၁၀။ အသီးအနှံ

ကိုးရီးယားမှာ အသီးအနှံ ဈေးကြီးပါတယ်တဲ့။

၁၁။ Sauna

သင်က ကိုးရီးယားဇာတ်လမ်းတွေထဲက အပူထုတ် Sauna ခန်းတွေကို ရောက်ဖူးချင်မှာပါ။ ဒါပေမဲ့သင်က အဝတ်အစားမပါတဲ့ သူစိမ်းတွေနဲ့ အနီးကပ်နေရတာမျိုး မကြိုက်ရင်တော့ မသွားသင့်ဘူးလို့ သူမက ဆိုထားပါတယ်။

၁၂။ အသက်

ကိုးရီးယားတွေက သူတို့အသက်ကို နဂိုထက် တစ်နှစ်ဒါမှမဟုတ် နှစ်နှစ် ထပ်ပေါင်းပြီး ပြောတတ်ပါတယ်တဲ့။

၁၃။ ညှပ်ဖိနပ်

ကျွန်မတို့အများစုက ညှပ်ဖိနပ်တွေနဲ့ ရင်းနှီးတာမှန်ပေမယ့် ကိုးရီးယားအများစုကတော့ ညှပ်ဖိနပ် မစီးတတ်ကြပါဘူးတဲ့။

၁၄။ သောက်တာ

သင်က အရက်သိပ်မသောက်တတ်သူဆိုရင် သောက်တတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ကိုးရီးယားတွေက ရှက်ကီသမားတွေ ချည်းပါပဲတဲ့။

Photo Source: Pinterest

By MyStyle Myanmar