မိန်းကလေးအများစုလုပ်လေ့ရှိတဲ့ အလှအပဆိုင်ရာအမှား ၁၀ ခု ကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်တိုင်လုပ်နေမိတာတွေလည်း ပါနေနိုင်ပါတယ်။
နေ့တိုင်း Exfoliating လုပ်ခြင်း
Exfoliating လုပ်တယ်ဆိုတာက တစ်ပတ်မှာ တစ်ကြိမ်ပဲ လုပ်သင့်တာပါ။ နေ့တိုင်းတွေလုပ်နေမယ်ဆိုရင်တော့ အသားအရေရဲ့ natural oils တွေ ဆုံးရှုံးပြီး irritation ဖြစ်တာ၊ sensitive skin ဖြစ်လာတာ၊ အသားအရမ်းခြောက်လာတာ၊ ချွေးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန်လာတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။
နေ့တိုင်းမိတ်ကပ်လိမ်းခြင်း
နေ့တိုင်းမိတ်ကပ်လိမ်းတာက အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ အသားအရေညစ်စေပြီး အရေးအကြောင်းတွေ ဖြစ်လွယ်ပါတယ်။ အိုမင်းရင့်ရော်ခြင်းတွေဖြစ်တာ မြန်စေပါတယ်။
နေပူထဲထွက်မှ Sunscreen လိမ်းခြင်း
အိမ်ထဲမှာနေလည်း နေရောင်ခြည်ဝင်ပါတယ်၊ နေမပူလည်း မနက် ၁၀ နာရီကျော်ကနေ ညနေ ၄ နာရီအတွင်းမှာ အပြင်ထွက်မယ်ဆိုရင် sunscreen လိမ်းကိုလိမ်းသင့်ပါတယ်။ Sunscreen မလိမ်းရင် အသက် ၃၀ ကျော်လာတဲ့အခါမှာ တင်းတိတ်နဲ့အမဲစက်တွေ ထွက်လာပါလိမ့်မယ်။
လက်သည်းနဲ့ဝက်ခြံညှစ်ခြင်း
လက်သည်းနဲ့ ဝက်ခြံညှစ်တာက အမာရွတ်ကျန်ပြီး ဝက်ခြံပိုဆိုးလာစေပါတယ်။
Hair Spray ကို မျက်နှာဖြန်းခြင်း
Hair spray ကို makeup setting spray အနေနဲ့ဖြန်းတာက အသားအရေပျက်စီးစေပါတယ်။ ဝက်ခြံတွေထွက်လာတာမျိုး၊ irritation ဖြစ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
သွားတိုက်ဆေးကို Spot Treatment အနေနဲ့သုံးခြင်း
သွားတိုက်ဆေးကို spot treatment အနေနဲ့သုံးရင် ဝက်ခြံတွေခြောက်သွားတာ မြန်ပေမယ့် အခန့်မသင့်ရင် skin problem တွေ ဖြစ်လာနိုင်ပါတယ်။
ဆံပင်အရင်းကနေအဖျားကိုဖြီးခြင်း
ဆံပင်ကို အရင်းကနေ အဖျားကိုဖြီးချတာက ဆံသားနာပြီး ဆံပင်လည်း ပိုကျွတ်ပါတယ်။ ဒါကြောင့် အရင်းကနေ ဖြေးဖြေးချင်းစီ အပေါ်ကိုတက်သွားပြီး ဖြီးပေးပါ။
နေ့တိုင်းခေါင်းလျှော်ခြင်း
နေ့တိုင်းခေါင်းလျှော်တာက ဆံပင်ကျွတ်စေပြီး ဆံပင်ပါးစေတယ်။ ဦးရေပြားနဲ့ဆံသားအတွက် လိုအပ်တဲ့ natural oils တွေ ဆုံးရှုံးစေပါတယ်။
SPF ပါတဲ့ Foundation လိမ်းရုံနဲ့လုံလောက်ပြီထင်နေခြင်း
SPF ပါတဲ့ foundation လိမ်းလိုက်ရင် sunscreen လိမ်းစရာမလိုတော့ဘူးလို့ ထင်နေတာက အရမ်းမှားပါတယ်။ Foundation မှာပါတဲ့ SPF နဲ့ နေလောင်ဒဏ်ကို အပြည့်အဝမကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် sunscreen လိမ်းဖို့ လိုကိုလိုပါတယ်။
အဆီပြန်တဲ့ဆံသားဖြစ်လို့ Conditioner မသုံးခြင်း
အဆီပြန်တဲ့ဆံသားပဲဖြစ်ဖြစ်၊ ခြောက်သွေ့တဲ့ဆံသားပဲဖြစ်ဖြစ် conditioner သုံးသင့်ပါတယ်။ Conditioner သုံးပေးတာက ဆံသားပိုမိုကောင်းမွန်လာစေပြီး ပျက်စီးနေတာတွေလည်း သက်သာစေပါတယ်။