ဓာတ်ပုံရိုက်ပေးရခြင်းကို လူတိုင်းလိုလို လုပ်ဖူးမှာပါ။ သူငယ်ချင်းကို၊ ကိုယ့် မိသားစုဝင်ကို ဓာတ်ပုံရိုက်ပေးရခြင်း အလုပ်ကို သာမန်လူတွေ လုပ်လေ့ရှိသလို၊ ဓာတ်ပုံ ပညာရှင်တွေလည်း အမြဲ လုပ်ရပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ ဓာတ်ပုံရိုက်တတ်တဲ့ Skill ကို ပိုမြှင့်ပြီး သူငယ်ချင်းတွေကြား ဂုဏ်ဆာနိုင်ဖို့ သိထားသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ပစ္စည်းက အရေးမကြီးပါဘူး

ဓာတ်ပုံလှဖို့ ဈေးကြီးတဲ့ ကင်မရာတွေ၊ ဖုန်းတွေကို လိုတယ်လို့ တရားသေ မမှတ်သင့်ပါဘူး။ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းနဲ့ လှအောင် ဖန်တီးနိုင်ကြောင်း ပထမဆုံး သိထားသင့်ပါတယ်။

၂။ ဘယ်လို လုပ်မလဲ လေ့လာသင်ယူပါ

သင်က ကင်မရာရှိရင် ISO ဆိုတာ ဘာလဲ၊ Focal Length, Aperture ဆိုတာ ဘာတွေလဲ လိုက်လေ့လာသင့်ပါတယ်။ ဖုန်းနဲ့ဆိုရင်လည်း Setting တွေကို လိုက်လေ့လာသင့်ပါတယ်။

၃။ အလင်းကို အလေးပေးပါ

ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း အလင်းရောင် အဆင်ပြေလား အမြဲ ကြည့်သင့်ပါတယ်။

၄။ အပြုသဘောဆောင် စကားကို ပြောပါ

တခြားတစ်ယောက်ယောက်ကို ဓာတ်ပုံရိုက်ပေးရရင် သူတို့ ပျော်အောင် အပြုသဘော စကားလေးတွေ၊ ဟာသစကားလေးတွေကိုပဲ ပြောသင့်ပါတယ်။ သူတို့ရဲ့ အပြစ်တွေကိုပဲ ပြောနေလို့ မရပါဘူး။

၅။ လေ့ကျင့်ပါ

ဓာတ်ပုံရိုက်တာ လှဖို့ ဖြတ်လမ်းမရှိပါဘူး။ ပုံမှန် လေ့ကျင့်သွားခြင်းကိုပဲ လိုအပ်ပါတယ်။

၆။ ပို့စ်ပေးနည်းတွေကို လေ့လာပါ

သင်က သူငယ်ချင်းတွေကို ဓာတ်ပုံရိုက်ပေးရတာ ဝါသနာပါရင် သူတို့နဲ့ ဘယ်လို ပို့စ်လေးတွေ အဆင်ပြေမလဲ သိဖို့ ပို့စ်တွေကို သင်က အရင်လေ့လာသင့်ပြီး သူတို့ကို ပြန်ပြောပြပေးနိုင်ပါတယ်။

၇။ Editing လုပ်တာ သင်ပါ

ဓာတ်ပုံ ရိုက်တတ်ရုံနဲ့ မရဘဲ Edit လုပ်တဲ့ Application တွေ၊ Software တွေကို သုံးတတ်ဖို့ လေ့လာထားသင့်ပါတယ်။

၈။ ကိုယ့် Creation နဲ့ ကိုယ်သွားပါ

ကိုယ့်အနေနဲ့ ဘယ်သူလို ဓာတ်ပုံရိုက်နိုင်ရမယ်ဆိုပြီး ရည်မှန်းချက်ထားတာ ကောင်းပေမယ့် ကိုယ့်ပုံစံနဲ့ကိုယ် ချပြဖို့လည်း မမေ့သင့်ပါဘူး။

၉။ ကင်မရာကို အမြဲ ဆောင်သွားပါ

သင်က ဓာတ်ပုံပညာရှင် ဖြစ်ချင်ရင် သင် ရိုက်မယ့် ကင်မရာ ဒါမှမဟုတ် ဖုန်းကို အမြဲဘေးမှာ ဆောင်ထားသင့်ပါတယ်။

၁၀။ မျှဝေပါ

သင်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သင်ပဲ ကြည့်နေလို့ မရပါဘူး။ တခြားသူတွေ မြင်အောင် Facebook Page, Instagram ဖွင့်ကာ ကိုယ်ရိုက်သမျှ မျှဝေပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar