မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပရိတ်သတ်တို့ရေ။ ဗိုက်အဆီက အမျိုးသားရော အမျိုးသမီးမှာပါ ကျဖို့ တကယ်ကိုခက်တဲ့အဆီပိုတွေပါ။ ဗိုက်အဆီများလွန်းရင်လည်း ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဗိုက်အဆီတက်ရခြင်းအကြောင်းအရင်းတွေကတော့ စိတ်ဖိစီးမှုများခြင်း၊ အသင့်စားအစားအသောက်တွေကို အလွန်အကျွံ့စားမိခြင်း၊ သကြားများတဲ့အစားအသောက်တွေနဲ့ အိပ်ရေးမဝတာတွေပါ။

ဗိုက်အဆီကျချင်သူတွေကတော့ အစားအသောက်အဝင်နဲ့ အဆီလောင်ကျွမ်းမှု ဇီဝဖြစ်စဉ်မြန်ဆန်ဖို့ ပြုလုပ်ပေးရပါမယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ ဒါပေမဲ့ အားလုံးသိထားတဲ့အတိုင်း လေ့ကျင့်ခန်းက ၃၀ရာခိုင်နှုန်း အထောက်အကူဖြစ်စေပြီး အစားအသောက်က ၇၀ရာခိုင်နှုန်းဖြစ်တဲ့အတွက် လေ့ကျင့်ခန်းတွေဘယ်လောက်ပဲလုပ်လုပ် သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်တွေ စုနေမယ်ဆိုရင်တော့ အဆီကျဖြစ်စဉ်က နှေးနေမှာပါ။

ဒါကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပစ်ပြီး ချပ်ချပ်ရပ်ရပ်ဗိုက်လေးကို တစ်ရက်အတွင်း ပိုင်ဆိုင်ဖို့အတွက် သဘာဝသစ်သီးဖျော်ရည်လေးတွေနဲ့လုပ်ထားတဲ့ Juice Fasting Detoxလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ဒီနည်းလမ်းမှာ ပြောထားတဲ့ အစားအသောက်တွေကိုပဲ စားရမှာမို့ အားရက်မှာပဲပြုလုပ်သင့်ပါတယ်။  ထမင်းစားလို့မရပါဘူး။ ဖျော်ရည်တွေ သောက်ရမှာပါ။ သတိထားရမှာက ဒီဖျော်ရည်တွေထဲမှာ သကြားလုံးဝမထည့်ရပါဘူး။ ပါဝင်ပစ္စည်းတွေကိုလည်း ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ တစ်ရက်တည်းမို့ သိပ်မကြာပါဘူး။

မနက် ၈ နာရီ- ရေနွေးနွေးလေးနဲ့ သံပယိုရည်တစ်ခွက် သောက်လိုက်ပါ။

မနက် ၁၀ နာရီ- လိမ္မော်ဖျော်ရည် ဒါမှမဟုတ် ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပါ။

နေ့လည် ၁၂ နာရီ- Green Tea တစ်ခွက်သောက်ပါ။

နေ့လည် ၁ နာရီ – မုန်လာဥနီဖျော်ရည် အေးအေးလေးတစ်ခွက်သောက်ပါ။

၃ နာရီ- သင်သောက်ချင်တဲ့ လဘရည်တစ်ခွက်သောက်ပါ။ ( Green Tea အသင့်တော်ဆုံးပါ၊ တခြား လဘရည်တွေက အချိုပမာဏများလို့ပါ။)

ညနေ ၅ နာရီ- သင်သောက်ချင်တဲ့ သဘာဝအသီးဖျော်ရည်တစ်ခွက်သောက်ပါ။

ည ၇ နာရီ- Green Tea တစ်ခွက်ထပ်သောက်ပါ။

၉ နာရီ – ဂရိတ်ဖရုသီးဖျော်ရည် တစ်ခွက်သောက်ပါ။

ည ၁၀ နာရီ- မနက်ပိုင်း စစချင်းမှာ သောက်ခဲ့တဲ့ သံပယိုရည် နွေးနွေးလေးသောက်လိုက်ပါ။

သံပယိုရည်ကို မနက်ကော ညကော သောက်ရမှာမို့ အစာအိမ်ရှိတဲ့သူများ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။