အချိန်တစ်ခုတည်းမှာပဲ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးကို ပိုင်ဆိုင်ထားသူတွေ ရှိပါတယ်။ ဆိုလိုတာက အပြင်မှာ ပျော်နေပေမယ့် စိတ်ထဲ ကြိတ်ငိုနေတာမျိုးပါ။ အခုဖော်ပြထားတဲ့ ရာသီခွင် ပိုင်ရှင်တွေကတော့ သူတို့ရဲ့ စိတ်အနေအထား၊ အမူအကျင့်အလိုက် ဆန့်ကျင်ဘက် စိတ်နှစ်မျိုးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားဖို့ အခွင့်အလမ်း ပိုများပါတယ်။ သင်က ဒီရာသီခွင်တွေထဲ ပါနေမလား ဆက်ကြည့်လိုက်ပါနော်-

၁။ Libra

Libra ရာသီဖွားတွေက တစ်ယောက်တည်း နေရတာကို နှစ်သက်တယ်လို့ ကြွေးကြော်တတ်သူတွေ ဖြစ်ပါတယ်။ အများစုက Single တွေ ဖြစ်တတ်ပြီး I’m alone but Happy လို့ လူတွေရှေ့မှာ ဂုဏ်ယူတတ်သူ တွေဖြစ်ပါတယ်။ ဒါပေမဲ့ လူမမြင်နိုင်တဲ့ တစ်နေရာမှာတော့ ငါတစ်ယောက်တည်း ဖြစ်ရလေချင်းဆိုပြီး ငိုကြွေးနေသူတွေ ဖြစ်ပါတယ်။

၂။ Scorpio

Scropio တွေက အပြင်ပန်းမှာတော့ Cute Type လေးတွေပါ။ အမြဲ ကူညီဖို့ အသင့်ရှိတတ်ပြီး ချစ်စရာကောင်းအောင် ပြုံးတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ Evil Mood ပါ။ မကောင်းဆိုးဝါးတစ်ကောင်လိုလည်း ရက်စက်တတ်ပါသေးတယ်။

၃။ Sagittarius

Sagittarius တွေက အပြင်မှာတော့ ခင်မင်ဖော်ရွေပြီး သဘောကောင်းသူတွေပါ။ အပြောကောင်းပြီး တကယ်ကို စိတ်ထားပြည့်သူတွေ ဖြစ်ပါတယ်။ မကျေနပ်သူတွေကိုလည်း ခင်မင်စွာ ဆက်ဆံတတ်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အခါတစ်သန်းလောက် ဆဲပြီးနေပါပြီ။

၄။ Capricorn

Capricorn ရာသီဖွားတွေက အားလုံးရှေ့မှာ စမတ်ကျကျ ရပ်တည်နိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တယ်၊ ပါးနပ်တယ်လို့ ပြောတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ငါ ငပေါကြီးများလား၊ တုံးလိုက်တာ ဆိုတဲ့ အတွေးမျိုး ဝင်နေတတ်ပါတယ်။

Photo Source: Pinterest

By Mystyle Myanmar