အခုဖော်ပြမယ့်အချစ်က မိဘနဲ့ သားသမီး အချစ်မဟုတ်ဘဲ ၁၅၀၀ အချစ်ပါ။ တချို့သူတွေ​က ချစ်သူထားတာ နဲ့ပတ်သက်ပြီး ခေါင်းထဲ သိပ်မထည့်ချင်ကြပါဘူး။ သူတို့က အချစ်ဆိုတာ သာယာတာထက် ဒုက္ခတွေ ပိုများတာလို့ခံယူထားသူတွေပါ။ သင်က ဒီအချိန်ထိ ချစ်သူမရသေးရင် သင်ကိုယ်တိုင် အောက်ဖော်ပြပါ ရာသီခွင်တွေထဲ ပါဝင်နေနိုင်ပါတယ်။

၁။ Aries

ဒီရာသီဖွားတွေက တစ်ခုခုကို တွေးရင် အဆိုးဘက်ကပဲ တွေးတာများပါတယ်။ Fire Sign ပိုင်ဆိုင်ထားတာကြောင့်သူတို့ခေါင်းထဲမှာ ရည်မှန်းချက်၊ ဝါသနာတွေပဲ ကြီးစိုးနေတတ်ပါတယ်။ Aries တွေက မချစ်တတ်တာလို့ မဆိုလိုပါဘူး။ သူတို့အတွက် သီးသန့်နေရာပေးပြီး လွတ်လပ်ခွင့်ပေးတဲ့ ချစ်သူမျိုးကိုပဲ လိုချင်ကြတာပါ။ သူတို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာရင် တွဲနေတဲ့သူကို လမ်းခွဲဖို့ ဝန်မလေးပါဘူး။

၂။ Gemini

Gemini တွေ​က ရောက်တဲ့ နေရာမှာ အံဝင်ခွင်ကျဖြစ်အောင် နေတတ်ကြပါတယ်။ လူတိုင်းနဲ့ တည့်အောင် ပေါင်းတတ်ပါတယ်။ Gemini တွေနဲ့တွဲဖို့ သင်က အမျိုးမျိုး ပြောင်းလဲနိုင်ရပါမယ်။ အပြောင်းအလဲမြန်လွန်းတာလည်း Gemini တွေပါပဲ။ Gemini ရာသီဖွားတွေက လူတစ်ယောက်ကို ချစ်ဖို့ အချိန်အများကြီး ယူတတ်ကြပါတယ်။ အဲ့လူကို ချစ်မိရင်တော့ တစ်ဘဝစာ ရည်ရွယ်သွားတတ်ကြပါတယ်။

၃။ Virgo

Virgo ရာသီဖွားတွေ​က လူတစ်ယောက်ကို ကောင်းလား ဆိုးလား အမြဲဝေဖန်နေတတ်ပါတယ်။ သူတို့က ရေရှည်ကိုကြည့်တတ်ပြီး ဒီလူက သူတို့နဲ့ မသင့်တော်တာနဲ့ ခေါင်းထဲကို မထည့်တော့ပါဘူး။ အဆိုးဘက်က တွေးတာများတာမို့ သင့်အနေနဲ့ Virgo ရာသီဖွားနဲ့ တွဲမယ်ဆိုရင် အကောင်းဆုံး ပြင်ဆင်နေနိုင်မှ အဆင်ပြေမှာပါ။

၄။ Sagittarius

Sagittarius တွေက သူတို့လွတ်လပ်ခွင့်ကို တန်ဖိုးအထားဆုံးသူတွေ ဖြစ်ပါတယ်။ သူတို့က အရာရာကို စမ်းကြည့်ချင်ပြီး အတွေ့အကြုံလိုချင်သူတွေ ဖြစ်ပါတယ်။ Crush ဆိုလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းတတ်ပါတယ်။ အချစ်နဲ့ လွတ်လပ်မှုဆိုရင် လွတ်လပ်မှုကို ရွေးမယ့်သူတွေ ဖြစ်ပါတယ်။

၅။ Capricorn

Capricorn ရာသီဖွားတွေက ဘဝကို Private ဆန်ဆန် ဖြတ်သန်းချင်သူတွေ ဖြစ်ပါတယ်။ ချစ်သူထားမယ်ဆိုရင်လည်း တိတ်တိတ်လေး ကမ္ဘာတစ်ခု တည်ဆောက်တတ်သူတွေ ဖြစ်ပါတယ်။ လျို့ဝှက်စွာ နေထိုင်ပြီး သူတို့ခံစားချက်ကို သိပ်ချမပြတာကြောင့် ချစ်မိဖို့ ခဲယဉ်းတတ်ပါတယ်။

၆။ Aquarius

ဒီရာသီဖွားတွေက အချစ်ထက် သူငယ်ချင်းတွေကို ဦးစားပေးသူတွေ ဖြစ်ပါတယ်။ စိတ်ကူးယဉ်မဆန်တတ်ဘဲအချစ်ထက် ခင်မင်ရင်းနှီးမှုကို ရွေးချယ်သူတွေ ဖြစ်ပါတယ်။ ဒီရာသီခွင်နဲ့ တွဲချင်သူတွေအနေနဲ့ သူငယ်ချင်းဖြစ်အောင် အရင်ချဉ်းကပ်ပြီးမှ ခံစားချက်ကို ဖွင့်ဟသင့်ပါတယ်။

အခုဖော်ပြထားတဲ့ ရာသီခွင်တွေက မချစ်တတ်ဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့နဲ့ ကိုက်ညီတဲ့သူကို နေရာမှန်အချိန်မှန်မှာတွေ့တာနဲ့ ချစ်သွားမယ့်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar