တချို့လူတွေက စိုးရိမ်မှု Level များတတ်ပါတယ်။ အခြေအနေ တစ်ခုခုဆိုရင် ထိတ်လန့်လွယ်ကြပါတယ်။ စိုးရိမ်စိတ်များလွန်းကြပါတယ်။ ဒီရာသီခွင်လေးခုကတော့ ရာသီခွင်တွေထဲမှာ စိုးရိမ်လွယ်တဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိုးရိမ်စိတ်များတာက ကောင်းတာလည်းရှိသလို ကိုယ့်ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းပါဘူး။ သင်က စိုးရိမ်စိတ်များလွန်းရင် ဒီစိတ်ကို ကြိုးစားလျှော့ပေးပါလို့ အကြံပေးပါရစေ။

Aries (March 21 – April 19)

Aries ရာသီဖွားတွေက သူတို့သွားတဲ့ခရီးလမ်းမှာ ခေါင်းဆောင်မရှိတာနဲ့ ကြောက်လန့်ကြပါပြီ။ သူတို့ကို ဗဟိုပြုပြီး အလယ်မှာ နေခိုင်းလိုက်တာနဲ့ စကြောက်လာကြပါတယ်။ ရလာတဲ့တာဝန်ကို ကျေပွန်အောင် ပြုလုပ်နိုင်ကြတဲ့ ရာသီခွင်ဖြစ်ပါတယ်။

Leo (July 23 – August 22)

စိုးရိမ်ပူပန်မှုတွေ၊ တွေဝေမှုတွေက Leo ရာသီခွင်တွေကို အမြဲနှောင့်ယှက်တတ်ပါတယ်။ ဒီလိုအခြေအနေရောက်လာရင် Leo ရာသီဖွားတွေက အေးချမ်းတဲ့နေရာတစ်ခုကို ကြိုးစားရှာဖွေကြပါတယ်။

Gemini (May 21 – June 20)

Gemini ရာသီဖွားတွေက ရလာတဲ့အခြေအနေမှာ လိုက်လျောညီထွေနေတတ်ကြပါတယ်။ သူတို့ ဒေါသထွက်တဲ့အချိန်ဆိုရင် ဘယ်အရာကိုမှ စိတ်မရှည်တော့ပါဘူး။ စောင့်ရတာကို အမုန်းဆုံးပါ။ ရုတ်ရုတ်သဲသဲကိစ္စတစ်ခုခုဖြစ်လာရင် Gemini က အထုတ်ပြင်ပြီးနေပါပြီ။

Virgo (August 23 – September 22)

Virgo ရာသီဖွားတွေက သူတို့ရဲ့ နေ့ရက်တွေကို သေချာအစီအစဉ်ချတတ်ကြပါတယ်။ နောက်ကျတဲ့ကိစ္စတွေမှာ ဒီရာသီဖွားတွေက ပူပန်လွန်းပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။