ကိုယ် မွေးတဲ့ ရာသီခွင်အလိုက် ကိုယ့်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေက တစ်ပါးသူနဲ့ လုံးဝ ကွဲထွက်နေပါတယ်။ ဒါကြောင့် လူတိုင်း ကိုယ့် ထူးခြားချက်နဲ့ ကိုယ်ရှိတာမို့ တခြားသူနဲ့ မနှိုင်းယှဉ်သင့်ကြောင်း အကြံပြုချက်တွေ ပေါ်ပေါက်လာတာပါ။

ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ ရာသီခွင်အလိုက် အတွေ့ရများတဲ့၊ အလုပ်များတဲ့ အမူအကျင့်တွေကို ဖော်ပြပါရစေ။

၁။ Aries

Aries ရာသီဖွားတွေ အလုပ်အများဆုံး အရာကတော့ စကားပြောတာ အသံကျယ်တာပါ။ ဒါကြောင့် သူတို့ပြောတဲ့ စကားကို တခြားသူတွေက အာရုံစိုက် နားထောင်တတ်ကြပါတယ်။

၂။ Taurus

Taurus တွေရဲ့ အတွေ့ရ အများဆုံး အမူအကျင့် တစ်ခုကတော့ အချိန်ဆွဲတာပါ။

၃။ Gemini

Gemini ရာသီဖွားတွေက တခြားသူ အကြောင်း Stalk လုပ်ရတာ ဝါသနာ ပါပါတယ်။ ရည်းစားဟောင်း အကြောင်းကို Stalk တတ်တာလည်း ဒီရာသီဖွားတွေပါပဲ။

၄။ Cancer

Cancer တွေကတော့ လူတွေကို လျစ်လျူရှု တတ်တာပါ။ ဘယ်သူ ဘာဖြစ်ဖြစ် ဒါက သူတို့ ကိစ္စ မဟုတ်သလို နေတတ်ကြပါတယ်။

၅။ Leo

Leo တွေရဲ့ အတွေ့အများဆုံး အကျင့်တစ်ခုကတော့ ဆံပင်ကို ကစားတာပါ။ အထူးသဖြင့် မိန်းကလေးတွေ အလုပ်များပါတယ်။

၆။ Virgo

Virgo တွေကတော့ အတွေးများပါတယ်။ တွေးတာမှ နက်နက်ရှိုင်းရှိုင်းကို အတွင်းကျကျ တွေးတာပါ။

၇။ Scorpio

Scorpio ရာသီဖွားတွေရဲ့ ဝါသနာ တစ်ခုကတော့ အတင်းပြောတာပါ။ အတင်းပြောတာကို Scorpio ရာသီဖွား အများစုမှာ တွေ့ရလေ့ရှိပါတယ်။

၈။ Sagittarius

Sagittarius ရာသီခွင် ပိုင်ရှင်တွေကတော့ အချိန်အများစုမှာ စားနေတတ်တာပါ။ ဒီရာသီဖွားတွေက စားရတာကို ဝါသနာ ပါ ပါတယ်။

၉။ Capricorn

Capricorn တွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်ကတော့ သီချင်း အရမ်းနားထောင်တာပါ။ သူတို့ကို ကြည့်လိုက်ရင် သီချင်းတွေနဲ့ပဲ နေထိုင် နေတတ်ပါတယ်။

၁၀။ Libra

Libra တွေ အလုပ်များတဲ့ အမူအကျင့်က ရယ်မောတာပါ။ သူတို့ ရယ်သံလေး၊ ရယ်တဲ့ ပုံစံလေးနဲ့ တခြားသူကို ဆွဲဆောင်တတ်ပါတယ်။

၁၁။ Aquarius

Aquarius ရာသီဖွားတွေရဲ့ အကျင့်တစ်ခုကတော့ စိတ်ဖိစီးမှု များတာပါ။ တစ်ခုခု မျှော်လင့်ထားသလို မဖြစ်ဘဲ အဆင်မပြေတာနဲ့ သူတို့ဆီမှာ စိတ်ဖိစီးမှု က စပေါ်လာပါပြီ။

၁၂။ Pisces

Pisces ရာသီဖွားတွေကတော့ စွယ်စုံရတွေလို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်က ရာသီဖွားတွေရဲ့ အကျင့် အားလုံးကို Pisces ရာသီဖွားတွေ ဆီမှာ မျှပြီး တွေ့ရတာပါ။

Photo Source: Pinterest

By MyStyle Myanmar